တိုင်းရင်းသားရေးရာ

အရပ်သားတစ်ဦးကို တွဲလောင်းချမီးမြိုက် စစ်ဆေးခဲ့သူတွေကို အရေးယူမယ်လို့ SSPP ဆို

မဲခေါင် 11 May - 2023
အမျိုးသားတစ်ဦးအား တွဲလောင်းချမီးနဲ့မြိုက်ပြီး စစ်ဆေးတဲ့ကိစ္စကို ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP က ဝန်ခံခဲ့ပြီး အဲ့ဒီဖြစ်ရပ်ကိုလည်း စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP ကပြောပါတယ်။

မဲခေါင်၊ မေ ၁၁

အမျိုးသားတစ်ဦးအား တွဲလောင်းချမီးနဲ့မြိုက်ပြီး စစ်ဆေးတဲ့ကိစ္စကို ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က ဝန်ခံခဲ့ပြီး အဲ့ဒီဖြစ်ရပ်ကိုလည်း စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ကပြောပါတယ်။

အဲ့ဒီလိုနည်းနဲ့ စစ်ဆေးတာဟာ SSPP ရဲ့ မူဝါဒကို ချိုးဖောက်နေတာဖြစ်တဲ့အတွက် မူဝါဒကျူးလွန်သူကို စစ်ဆေးအရေးယူတာအပြင် နောက်ထပ်မဖြစ်အောင် ကြပ်မတ်တာတွေကိုလည်း ပြုလုပ်သွားမယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

SSPP မှာ စစ်သုံ့ပန်းပေါ်လစီတွေ၊ ပြည်သူလူထု ဆက်ဆံရေးကျင့်ဝတ်တွေရှိပြီး အကြောင်းမဲ့ နှိပ်စက်တာ အလွန်အကျွံနှိပ်စက်တာမျိုးကို ခွင့်မပြုဘူးလို့လည်း သူကပြောပါတယ်။

“အခုဖြစ်သွားတာကတော့ တအား အကြမ်းပတမ်းဖြစ်သွားတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ ထိန်းချုပ်မှုတွေ ကြီးကြပ်မှုတွေ အပြစ်ပေး အရေးယူမှုတွေ စသဖြင့် စည်းကမ်းချက်အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒါမျိုးလုပ်တာက ကျွန်တော်တို့ SSPP ရဲ့ မူပေါ်လစီမဟုတ်ပါဘူး။ ခွင့်လည်းမပြုထားပါဘူး” လို့ ဗိုလ်မှူးစိုင်းဖုန်းဟန် က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မေ ၉ ရက်နေ့က ပျံ့နှံ့လာတဲ့ ဗီဒီယို ဖိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသားတစ်ဦးကို SSPP တပ်ဖွဲ့ဝင်တွေက လက်နောက်ပြန်ကြိုးတုတ်ကာ သစ်ပင်ပေါ်မှာ တွဲလောင်ချည်ပြီး မီးမြိုက် စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ဗီဒီယိုဖိုင်မှာ SSPP တပ်ဖွဲ့ဝတ်စုံနဲ့ စစ်သားသုံးဦးဟာ အရပ်သားတစ်ဦးကို မီးမြိုက်ပြီး ရှမ်းဘာသာနဲ့ စစ်ဆေးမေးမြန်းနေတာကို တွေ့ရပါတယ်။ စစ်ဆေးမှုမှာ တစ်စုံတစ်ခုကို ပြောထွက်အောင် စစ်ဆေးနေတာကို တွေ့ရပြီး ဘာအကြောင်းအရာကို စစ်ဆေးတာလည်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အဲ့ဒီလိုနည်းနဲ့ စစ်ဆေးတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်ပြီး လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြည်သူလူထုတွေက အပြင်းအထန်ဝေဖန်လျက်ရှိပါတယ်။

“ဒီလိုမျိုး စစ်ဆေးတာက လုံးဝ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တာလည်းဖြစ်တယ်။ ကျူးလွန်သူတွေကို စစ်ဆေးပြီး ပွင့်လင်းမြင်သာတဲ့ အရေးယူမှုနဲ့ အရေးယူဖို့လိုတယ်” လို့ ရှမ်းလူငယ်တစ်ဦး က ပြောပါတယ်။

အခုလို ဖြစ်ရပ်ဖြစ်လာတာဟာ RCSS က SSPP တပ်ဖွဲ့တွေကို အရပ်ဝတ်နဲ့ ချောင်းမြောင်းပစ်ခတ်တာ မိုင်းခွဲတာ မီးရှို့သတ်ဖြတ်တာစတဲ့ မီးပွားကြောင့် ဖြစ်လာရတာဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်ကပြောပါတယ်။ 

“RCSS ကကျွန်တော်တို့ လူတွေကို ဖမ်းမိရင်လည်း သူက အရှင်လတ်လတ်မီးရှို့ပြီးတော့ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်။ ပြီးခဲ့တဲ့လကပေါ့လေ ဧပြီလ ၁၆ ရက်နေ့ပေါ့။ ကျောက်ဂူ အင်တောဖက်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ဟာကို ကျွန်တော်တို့က ချုပ်ထားတဲ့လူတွေလည်း ရှိတယ်ပေါ့ဗျာ။ အဲ့ဒါ သူတို့လူပါတယ်ဆိုပြီးတော့ အင်အားနဲ့ သူတို့လူကို ပြန်ပြီးတော့ယူသွားတယ်။ ပြီးတော့ ကျွန်တော်တို့လုံခြုံရေး လူကိုလည်း ကြိုးတုပ်ပြီးတော့ မီးရှို့ခဲ့တယ်” လို့ သူကပြောပါတယ်။

အဲ့ဒီလိုဖြစ်စဉ်တွေကြောင့် အောက်ခြေတပ်ဖွဲ့ဝင်တွေဟာ စိတ်မကျေနပ်မှုတွေများပြီး စိတ်လိုက်မာန်ပါ ပြုလုပ်ကြလို့ အခုလို ဖြစ်စဉ်ဖြစ်လာခဲ့တာလို့ စိုင်းဖုန်းဟန်ကပြောပါတယ်။

တပ်ဖွဲ့ဝင်တွေရဲ့ ဒေါသစိတ်ရှေ့ထားပြီး ကလဲ့စားချေလိုတဲ့စိတ် ပြင်းပြမှုကြောင့် သံသယဖြစ်ဖွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့မှုအတွက် ကာယကံရှင်အမျိုးသားရဲ့ မိဘများ၊ ရဟန်းသံဃာများ ပြည်သူလူထုများအား အနူးအညွတ်တောင်းပန်ပါတယ်လို့လည်း SSPP က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ အဲ့ဒီအမျိုးသားရဲ့ အသက် နဲ့ ကျန်းမာရေးကို SSPP အဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ပြုစုထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုများ စိုးရိမ်ချက် မြင့်မားတယ်ဆိုတာကို SSPP အနေနဲ့ ကောင်းစွာ စာနာနားလည်တယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

“စိုးရိမ်ချက်တွေ အင်မတန်မြင့်မားတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒီလိုဖြစ်စေခဲ့တဲ့အတွက် စာနာနားလည်ပါတယ်။ ဒါတွေက ကျွန်တော်တို့ အောက်ခြေကလူတွေ ရဲ့ ချို့ယွင်းချက်ကြောင့်မို့ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ လက်တွေ့မှာလည်း ဒီလိုမျိုး ထပ်မဖြစ်အောင် ဝိုင်းပြီးတော့ ကြပ်မတ်သွားမယ်လို့ ပြောလိုပါတယ်” လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ နေရာတွေဟာ RCSS နဲ့ SSPP တိုက်ပွဲဖြစ်နေတဲ့ စစ်ပြေပြင်ဖြစ်လို့ အချိန်နဲ့နေရာကို စစ်ဆေးမှုအကုန်လုံးပြီးမှသာ အသေးစိတ် ထပ်မံရှင်းပြသွားမယ်လို့ သူကပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မှာ ရှမ်းတပ် နှစ်တပ်ဖြစ်တဲ့ RCSS နဲ့ SSPP ဟာ တိုက်ပွဲဖြစ်ပွားနေပြီး RCSS နဲ့ SSPP တိုက်ပွဲမှာ SSPP ဝတ်စုံ ဝတ်ထားတဲ့ ‘ဝ’ တပ်သားတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောဆို ပေမယ့် SSPP တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ‘ဝ’ လူမျိုးတွေ အများအပြားရှိတယ်လို့ SSPP က တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် SSPP နဲ့ ‘ဝ’ တပ်ဖွဲ့ UWSA ဟာ မဟာမိတ်တွေ ဖြစ်တာကြောင့် လိုအပ်တဲ့ အကူအညီတွေ ယူတယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က မဲခေါင်သတင်းဌာနနဲ့ အင်တာဗျူး တစ်ခုမှာ ပြောဆိုထားပါတယ်။

CJ – 002

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ငြိမ်းချမ်းရေးသတင်း တိုင်းရင်းသားရေးရာ

ရည်မှန်းချက်ရောက်ရှိအောင်မြင်ဖို့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာခံယူတယ်လို့ TNLA ဆို

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိအောင်မြင်စေရန် PSLF/TNLA အနေနဲ့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာ ခံယူတယ်လို့ ပလောင်ပြည်နယ်
တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ဖွင့်လှစ်ခဲ့တဲ့သိန္နီဟော်နန်းဖွင့်ပွဲ

ပြန်လည်တည်ဆောက်ထားတဲ့ သိန္နီဟော်နန်းဖွင့်ပွဲကို ဧပြီလ ၁၁ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

‘ဝ’၊မိုင်းလား၊ SSPP ၃ဖွဲ့နဲ့စစ်ကောင်စီနေပြည်တော်မှာဒီနေ့တွေ့

မြောက်ပိုင်းမဟာမိတ် - FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ‘ဝ’၊ မိုင်းလား၊ SSPP ၃ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဒီနေ့ မတ်လ ၂၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ မြန်မာ့နွေဦး

နွေဦးတော်လှန်ရေးမှာရင်းနှီးပေးဆပ်တိုက်ပွဲဝင်နေသူတွေကိုအတတ်နိုင်ဆုံးကူညီမယ်လို့ညီနောင်မဟာမိတ်၃ဖွဲ့ထုတ်ပြန်

အသက်၊​ သွေး၊ ချွေး၊ ဘဝ၊ အိုးအိမ်၊ ပိုင်ဆိုင်မှုများစွားကို ပေးဆပ်ရင်းနှင်းပြီး နွေဦးတော်လှန်ရေးကာလမှာ တိုက်ပွဲဝင်နေကြသူတွအတွက် ကိုယ်ချင်းစာတရားအပြည့်အဝနဲ့ စာနာနားလည်ပြီး ကူညီပံ့ပိုးနိုင်တာ ဆက်လက်ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက မူးယစ်လမ်းကြောင်းအတိုင်းပဲ ခိုင်ခိုင်မာမာရှိနေလို့ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

သိန္နီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ နေရာကို SSPP ဝင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ ဖောက်ကားတဲ့ နေရာကို SSPP ဝင်ရောက်စီးနင်းပြီး ၁၁ဦးကို ဖမ်းဆီးထားတယ်လို့ SSPP/SSA က ဒီနေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

ပင်လုံတွင် RCSS နှင့် SSPP ပစ်ခတ်မှုဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံနယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ – RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့ ယနေ့ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ နံနက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now