မဲခေါင်၊ ဧပြီ ၁၃
ပြန်လည်တည်ဆောက်ထားတဲ့ သိန္နီဟော်နန်းဖွင့်ပွဲကို ဧပြီလ ၁၁ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲဒီဖွင့်ပွဲကို တက်ရောက်ဖို့ ဒေသခံတွေကို တစ်အိမ်တစ်ယောက်၊ မတက်မနေရ ခေါ်ယူခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီသိန္နီဟော်နန်းကို အာဏာသိမ်းစစ်တပ်က ကျပ်သိန်း ၃၀၀၀ အကုန်အကျခံပြီး ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
Photo – Crd
#MeKongNews