တိုင်းရင်းသားရေးရာ

ပင်လုံတွင် RCSS နှင့် SSPP ပစ်ခတ်မှုဖြစ်

မဲခေါင် 20 Jul - 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံနယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ – RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့ ယနေ့ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီခန့်က စတင်ကာ ပစ်ခတ်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး နောင်လှိုင်နှင့် ဝမ်ယိမ်းကျေးရွာကြားတွင် ဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်သတင်းသို့ ပြောသည်။ “ပစ်ခတ်မှုက ခဏပဲဖြစ်တာပါ။ သိပ်တော့ မပြင်းထန်ပါဘူး။ အခုလက်ရှိထိတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ SSPP နဲ့ မဟာမိတ်တွေက ပင်လုံ၊ ရပ်စောက်ဘက်မှာ အင်အားထပ်တိုးထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။ ထို့အတူ ဇူလိုင် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံနယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ – RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့ ယနေ့ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီခန့်က စတင်ကာ ပစ်ခတ်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး နောင်လှိုင်နှင့် ဝမ်ယိမ်းကျေးရွာကြားတွင် ဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်သတင်းသို့ ပြောသည်။

“ပစ်ခတ်မှုက ခဏပဲဖြစ်တာပါ။ သိပ်တော့ မပြင်းထန်ပါဘူး။ အခုလက်ရှိထိတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ SSPP နဲ့ မဟာမိတ်တွေက ပင်လုံ၊ ရပ်စောက်ဘက်မှာ အင်အားထပ်တိုးထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ထို့အတူ ဇူလိုင် ၁၅ ရက်ကလည်း RCSSနှင့် SSPP တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မြောက်ဘက်ရှိ မိုင်းလားနှင့် ဝမ်ဟိုင်းဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ရှိ ကျောက်ဂူဒေသနှင့် လွိုင်လင်မြို့နယ်၊ ပင်လုံဒေသတို့တွင် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၈ ရက်ကလည်း ကျောက်ဂူဒေသတွင် RCSS တပ်ဖွဲ့က အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်လာပြီးနောက် စစ်ရေးတင်းမာနေပြီး ဖေ‌ဖော်ဝါရီ ၉ ရက်ကလည်း ကျောက်ဂူရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်စောက်မြို့ပေါ်သို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက မိုင်းရှူးနယ်နှင့် ပင်လုံနယ်မှ SSPP ၏ တပ်စခန်းများကို ဆုတ်ခွာခိုင်းသည့်အတွက် စစ်ရေးတင်းမာမှုရှိနေပြီး ထိတွေ့တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

တိုင်းရင်းသားရေးရာ

အရပ်သားတစ်ဦးကို တွဲလောင်းချမီးမြိုက် စစ်ဆေးခဲ့သူတွေကို အရေးယူမယ်လို့ SSPP ဆို

အမျိုးသားတစ်ဦးအား တွဲလောင်းချမီးနဲ့မြိုက်ပြီး စစ်ဆေးတဲ့ကိစ္စကို ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP က ဝန်ခံခဲ့ပြီး အဲ့ဒီဖြစ်ရပ်ကိုလည်း စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ
ငြိမ်းချမ်းရေးသတင်း တိုင်းရင်းသားရေးရာ

ရည်မှန်းချက်ရောက်ရှိအောင်မြင်ဖို့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာခံယူတယ်လို့ TNLA ဆို

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိအောင်မြင်စေရန် PSLF/TNLA အနေနဲ့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာ ခံယူတယ်လို့ ပလောင်ပြည်နယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ဖွင့်လှစ်ခဲ့တဲ့သိန္နီဟော်နန်းဖွင့်ပွဲ

ပြန်လည်တည်ဆောက်ထားတဲ့ သိန္နီဟော်နန်းဖွင့်ပွဲကို ဧပြီလ ၁၁ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

‘ဝ’၊မိုင်းလား၊ SSPP ၃ဖွဲ့နဲ့စစ်ကောင်စီနေပြည်တော်မှာဒီနေ့တွေ့

မြောက်ပိုင်းမဟာမိတ် - FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ‘ဝ’၊ မိုင်းလား၊ SSPP ၃ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဒီနေ့ မတ်လ ၂၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ မြန်မာ့နွေဦး

နွေဦးတော်လှန်ရေးမှာရင်းနှီးပေးဆပ်တိုက်ပွဲဝင်နေသူတွေကိုအတတ်နိုင်ဆုံးကူညီမယ်လို့ညီနောင်မဟာမိတ်၃ဖွဲ့ထုတ်ပြန်

အသက်၊​ သွေး၊ ချွေး၊ ဘဝ၊ အိုးအိမ်၊ ပိုင်ဆိုင်မှုများစွားကို ပေးဆပ်ရင်းနှင်းပြီး နွေဦးတော်လှန်ရေးကာလမှာ တိုက်ပွဲဝင်နေကြသူတွအတွက် ကိုယ်ချင်းစာတရားအပြည့်အဝနဲ့ စာနာနားလည်ပြီး ကူညီပံ့ပိုးနိုင်တာ ဆက်လက်ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက မူးယစ်လမ်းကြောင်းအတိုင်းပဲ ခိုင်ခိုင်မာမာရှိနေလို့ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

သိန္နီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ နေရာကို SSPP ဝင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ ဖောက်ကားတဲ့ နေရာကို SSPP ဝင်ရောက်စီးနင်းပြီး ၁၁ဦးကို ဖမ်းဆီးထားတယ်လို့ SSPP/SSA က ဒီနေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now