မဲခေါင်၊ ဖေဖော်ဝါရီ ၉
အသက်၊ သွေး၊ ချွေး၊ ဘဝ၊ အိုးအိမ်၊ ပိုင်ဆိုင်မှုများစွားကို ပေးဆပ်ရင်းနှင်းပြီး နွေဦးတော်လှန်ရေးကာလမှာ တိုက်ပွဲဝင်နေကြသူတွအတွက် ကိုယ်ချင်းစာတရားအပြည့်အဝနဲ့ စာနာနားလည်ပြီး ကူညီပံ့ပိုးနိုင်တာ ဆက်လက်ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ဖွဲ့စည်းမှု ၂နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ တအောင်း/ပလောင်တပ်မတော်၊ ရခိုင့်တပ်တော် နဲ့ ကိုးကန့်တပ်မတော်တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့ အနေနဲ့ ဘဝတူ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူလူထုရဲ့ နိုင်ငံရေးဆန္ဒ၊ မျှော်မှန်းချက်တွေကို အမြဲတမ်းလေးစားအသိအမှတ်ပြုပြီး ဘုံရပ်တည်ချက်၊ ဘုံရည်မှန်းချက်တူညီသူတွေနဲ့ တသားထဲရပ်တည်နေတယ်လို့လည်း သူတို့ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
#MeKongNews
#ညီနောင်မဟာမိတ်၃ဖွဲ့
#မုံရွာလူထုသပိတ်တိုက်ပွဲ
#နွေဦးတော်လှန်ရေး