မဲခေါင်၊ ဧပြီ ၂၆
ရှမ်းရှေ့ တာချီလိတ်မြို့အဝင်မှာ မှတ်ပုံတင်မပါတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံ ၃ သိန်းတောင်းလို့ ပေးခဲ့ရကြောင်း အမျိုးသမီးတစ်ဦးကပြောပါတယ်။
ရှမ်းတောင် ကာလိမြို့ကနေ တာချီလိတ်မြို့ဘက်ကို ခရီးသွားနေစဉ် ဒီနေ့ ဧပြီ ၂၆ ရက်မှာ တာချီလိတ်မြို့ အဝင်ဂိတ်မှာ ရဲတပ်ဖွဲ့နဲ့စစ်သားတွေက စစ်ဆေးမေးမြန်းတာ ခံရပါတယ်။
“ မှတ်ပုံတင်မပါခဲ့ဘူး အိမ်မှာမေ့ကျန်းခဲ့တာသူတို့က မှတ်ပုံတင်တောင်းလို့ ဖုန်းထဲကရိုက်ထားတဲ့ဟာပြတော့ မရဘူးတဲ့။ မှတ်ပုံတင်မပါတဲ့သူတွေကိုလည်း ပိုက်ဆံမပေးရင် မပေးသွားဘူး။ ကျွန်မလည်းမှားပါတယ်။ မှတ်ပုံတင်မေ့ကျန်ရတယ်လို့ ပိုက်ဆံပေးပြီး လွတ်လိုက်တယ် ” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ဒေသလူထုတွေဟာ ထိုင်းနိုင်ငံကိုဝင်လာတဲ့သူတွေတချို့လဲ မှတ်ပုံတင်မရှိတာကြောင့် တာချီလိတ်မြို့အဝင်ဂိတ်မှာ အယောက်၃၀ ကျော်ကျန်ရှိပြီး စစ်ဆေးခံခဲ့ရတယ်လို့ သူက ပြောပြပါတယ်။
မြို့အဝင်အထွက်က စစ်ကောင်စီဂိတ်အများစုဟာ လမ်းသွာလမ်းလာတဲ့ သူတွေကို မှတ်ပုံတင်စစ်ဆေးတာတွေရှိပြီး ပြီးခဲ့တဲ့ မတ်လမှာလည်း ကျိုင်းတုံမြို့အထွက်မှာ ၁၈ နှစ်ပြည့်မှတ်ပုံတင်ကဒ် မလဲထားတဲ့သူတွေကို ကျိုင်းတုံမြို့ကနေ မပေးထွက်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
MK 011