မဲခေါင်၊ ဇန်နဝါရီ ၃၀
ကမ္ဘာ့အမြင့်ဆုံးဧ၀ရတ်တောင်တက်ရာ တောင်ခြေစခန်းကို ရောက်ရှိတဲ့ အသက်အငယ်ဆုံးလူသားအဖြစ် ၂ နှစ်အရွယ် ဗြိတိန်သားလေး ကာတာဒဲလက်စ်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဧ၀ရတ်တောင်ခြေစခန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၅၈၉ ပေမှာရှိပြီး နီပေါနိုင်ငံ တောင်ဘက် တောင်ခြေစခန်းကို အရင်က အသက်အငယ်ဆုံး ရောက်ရှိနိုင်ခဲ့သူဟာ ၄ နှစ်အရွယ် ချက်နိုင်ငံသားဖြစ်ခဲ့ရာက အခု ဒဲလက်စ်ဟာ စံချိန်ကို ထပ်ချိုးဖျက်သွားတာဖြစ်ပါတယ်။
စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့က ၃၁ နှစ်အရွယ် ဖခင် ရော့စ်နဲ့ မိခင် ဂျိတ်တို့နဲ့အတူ ဒဲလက်စ်နဲ့အတူ အာရှနိုင်ငံတွေမှာ တစ်နှစ်ခွဲကြာ လည်ပတ်နေခဲ့ပြီး နောက်ဆုံး ခတ္တမန်ဒူကနေ ခြေလျှင်ခရီးနဲ့ တောင်ခြေစခန်းကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။
သားငယ်လေးအခြေအနေနဲ့ပတ်သက်ပြီး ဖခင် ရော့စ်က “ခတ္တမန်ဒူရောက်ရောက်ချင်း ၂၄ နာရီအတွင်း တောင်ခြေစခန်းကို ခြေလျှင်ခရီးစထွက်ခဲ့တာပါ။ တောင်ခြေစခန်းမရောက်ခင် ရွာတွေမှာ ဆရာဝန်ရှိလို့ စမ်းသပ် စစ်ဆေးမှုတွေလုပ်ခဲ့တယ်။ ကျွန်တော်နဲ့ ဂျိတ်က မြေမျက်နှာသွင်ပြင်အမြင့်ရောက်တဲ့ ဖျားနာမှုဝေဒနာ ခံစားရ ပေမယ့် သားလေး ဒဲလက်စ်ကတော့ ကျွန်တော်တို့ထက်တောင် အားကောင်းမောင်းသန်နဲ့ ဘာဝေဒနာမှ မရှိဘဲ တက်နိုင်ခဲ့တာပါ” လို့ ပြောသွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ဧဝရတ်တောင်
#နှစ်သား
#ရောက်ရှိ
#အငယ်ဆုံး