ကမ္ဘာ့သတင်း

ဟူသီသူပုန်ပစ်ခတ်တဲ့ ဒုံးကျည်ကြောင့် ဗြိတိန်ရေနံတင်သင်္ဘော မီးလောင်

မဲခေါင် 29 Jan - 2024
ရုရှား ခြိမ်းခြောက်မှုမြင့်တက်လာလို့ ယူကေမှာ အမေရိကန် နျူကလီးယားလက်နက်စခန်း အထိုင်ချဖို့ ပြင်ဆင် ဇန်နဝါရီ ၂၆ ရက်နေ့က အေဒင်ပယ်လယ်ကွေမှာမောင်းနှင်လာတဲ့ ဗြိတိန် ရေနံတင်သင်္ဘော မာလင်လူရန်ဒါ ကုန်းပတ်ပေါ်ကို ယီမင်နိုင်ငံ အေဒင်မြို့ကနေ အီရန်ထောက်ပံ့ ဟူသီသူပုန်တွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ကုန်ပတ်ပေါ်ကျပြီး မီးလောင်ခဲ့ပါတယ်။

မဲခေါင်၊ ဇန်န၀ါရီ ၂၉

ရုရှား ခြိမ်းခြောက်မှုမြင့်တက်လာလို့ ယူကေမှာ အမေရိကန် နျူကလီးယားလက်နက်စခန်း အထိုင်ချဖို့ ပြင်ဆင် ဇန်နဝါရီ ၂၆ ရက်နေ့က အေဒင်ပယ်လယ်ကွေမှာမောင်းနှင်လာတဲ့ ဗြိတိန် ရေနံတင်သင်္ဘော မာလင်လူရန်ဒါ ကုန်းပတ်ပေါ်ကို ယီမင်နိုင်ငံ အေဒင်မြို့ကနေ အီရန်ထောက်ပံ့ ဟူသီသူပုန်တွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ကုန်ပတ်ပေါ်ကျပြီး မီးလောင်ခဲ့ပါတယ်။

ဗြိတိန်ရေကြောင်းကုန်သွယ်ရေးအော်ပရေးရှင်းဌာန UKMTO က ဇန်နဝါရီ ၂၇ ရက်မနက်အထိ သင်္ဘော ကုန်းပတ်ပေါ် မီးလောင်နေတာကို မော်တော်ဘုတ်အကူအညီတွေနဲ့ ငြိမ်းသတ်နေဆဲဖြစ်ကြောင်း၊ သေဆုံးဒဏ်ရာ ရမှုမရှိဘူးလို့ ဆိုပါတယ်။

သင်္ဘောဆီကို အေဒင်မြို့အရှေ့တောင်ဘက် ရေမိုင် ၆၀ အကွာကနေ ပစ်ခတ်လာတာဖြစ်လို့ အနီး အနားက တခြားသင်္ဘောတွေကိုပါ အန္တရာယ်ရှောင်တိမ်းနိုင်ဖို့ ထုတ်ပြန်သတိပေးခဲ့ကြောင်း၊ အမေရိကန် ရေတပ် က ဟူသီတွေပစ်ခတ်တဲ့ ဒရုန်းနဲ့ ဒုံးကျည်တချို့ကို ပစ်ခတ်ဖျက်ချနိုင်ခဲ့ပေမယ့် ဒုံးကျည်တစ်လုံး လာရောက်ထိမှန် တာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။

ဟူသီသူပုန်ဘက်ကလည်း ယီမင်နိုင်ငံထဲက သူတို့ အခြေစိုက်စခန်းတွေကို အမေရိကန်နဲ့ဗြိတိန်က လေကြောင်း တိုက်ခိုက်မှုတွေလုပ်လို့ လက်စားချေတုံ့ပြန်တာဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။

အမေရိကန်နဲ့ ဗြိတိန်ဘက်က ဒီဖြစ်စဉ်ဖြစ်အပြီး ယီမင်နိုင်ငံထဲက ဟူသီစခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ချက်ချင်းပြုလုပ်ခဲ့ပြီး အမေရိကန် ရေတပ်ဝန်ကြီး ကားလို့စ်ဒယ်တိုရိုက အေဒင်ပယ်လယ်ကွေ့မှာ တရုတ်သင်္ဘောတွေလည်းရှိနေပေမယ့် အရေးပေါ် ကယ်ဆယ်ရေး အချက်ပြမှုတွေကို ကုန်တင်သင်္ဘောတွေက ပေးပို့ရာမှာ ကျင့်ဝတ်ပျက်ကွက်လို့ မသိကျွိုးကျွံ နေခဲ့ ကြတယ်လို့ စွပ်စွဲဝေဖန်သွားပါတယ်။

ဟူသီဟာ အမေရိကန်နဲ့မဟာမိတ်တွေကို တွန်းလှန်ဖို့ ရုရှားနဲ့လည်း ပူးပေါင်းဆွေးနွေးမှုတွေ လုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် အမေရိကန်ဟာ ဗြိတိန်မှာ နျူကလီးယားလက်နက်အခြေစိုက် ထားရှိမှုကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်းလည်း ပင်တဂွန်သတင်းအချက်အလက် ပေါက်ကြားမှုတွေအရ သိရှိရ ပါတယ်။

Ref:Thesun
MKF-001

#MeKongNews

#ဗြိတိန်

#မီးလောင်

#ဟူသီ

#သူပုန်

#ဒုံးကျည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the area near the South China Sea and Taiwan

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှား ကာကွယ်ရေးဒုဝန်ကြီး နိုင်ငံတော်ပုန်ကန်မှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးခံရ

ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ကင်ဂျုံအန် နေအိမ်ဝင်းထဲကနေ ပထမဆုံးသော နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှုအဖြစ် ဒုံးကျည်တွေ ပစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်

မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဖိလစ်ပိုင်နဲ့ အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ စတင် လိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now