မဲခေါင်၊ မတ် ၂၅
မတ် ၂၄ ရက်အစောပိုင်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသ ပင်လယ်နက် ဆိပ်ကမ်းဖြစ်တဲ့ ဆီဗက်စတိုပိုကို ယူကရိန်းက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ရုရှားစစ်တပ်ရဲ့ ပေါင်သန်း ၁၇၀ တန် ကမ်းတက်စစ်သင်္ဘော ၂ စီး ထိမှန်ပေါက်ကွဲသွားခဲ့ပါတယ်။
ရုရှားဟာ ဆီဗက်စတိုပိုဆိပ်ကမ်းမှာ ယူကရိန်းကျူးကျော်စစ်အတွက် ထောက်ပို့တပ်တွေကို အထိုင်ချပြီး စခန်း တွေ ထူထောင်ထားလို့ ယူကရိန်းဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာမှာ ဒီတစ် ကြိမ်ပစ်ခတ်မှုမှာ ဗြိတိန်ပေးထားတဲ့ Storm Shadow ဒုံးကျည်တွေက သင်္ဘော ၂ စီးကို မီးလောင်ပေါက်ကွဲ သွားစေတယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်သွားပါတယ်။
ဒါပေမဲ့ ထိခိုက်ပျက်စီးပုံ အတိအကျကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ ဆီဗက်စတိုပိုမြို့ ရုရှားခန့် မြို့တော်ဝန် ရက်ဗ်ဗော့ဟာရေးက ဒုံးကျည် ၁၀ လုံး ထက်မနည်းကို ဖျက်ချနိုင်ပေမယ့် ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ခရီးသည်တင် လှေသင်္ဘောတွေလည်း ထိခိုက်ပျက် စီးမှု ရှိခဲ့တယ်လို့ အင်စတာဂရမ်မှာ ရေးသားအသိပေးသွားခဲ့ပါတယ်။
Ref:Thesun
MKF-001