မဲခေါင်၊ ဧပြီ ၄
အမေရိကန်အစိုးရဟာ နယူးယောက်မြို့လယ် အရင် မန်ဟက်တန်ထိန်းသိမ်းရေးစင်တာနေရာမှာ အထပ် ၄၀ မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်ထောင်ကြီး တည်ဆောက်ဖို့ စီမံနေပါတယ်။
ဒေသတွင်းအခေါ်မှာ သင်္ချိုင်းများလို့ ဆိုသလို မိုးမျှော်ထောင်လို့လည်း ခေါ်ကြပြီး Empire State အဆောက်အအုံကြီးရဲ့ ၃ ပုံ ၁ ပုံ နီးပါး ကြီးမားသလို ထောင်သား ၁၀၀၀ ကို တစ်ပြိုင်တည်း ထားရှိနိုင်မယ်လို့လည်း အစိုးရက စီမံကိန်းပုံကြမ်းကို ထုတ်ဖော်ပြသ လာပါတယ်။
အမေရိကန်အစိုးရဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဒေါ်လာ ၈ . ၃ ဘီလီယံ အကုန်ခံပြီး မန်ဟက်တန်၊ ကွင်းစ်၊ ဘရွတ်ကလင်းနဲ့ ဘရွန်ခ်နေရာ ၄ နေရာမှာ ထောင်သစ်တွေ တည်ဆောက်မယ့် စီမံကိန်းကို စတင်မိတ်ဆက် တင်ပြခဲ့ပြီး အခု မန်ဟက်တန်ထောင်ဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီဖြစ်သလို ၂၀၂၅ ခုနှစ်မှာ အပြီးတည်ဆောက်နိုင်မယ်လို့လည်း ကန်ထရိုက်တာတွေဆီက သိရှိရပါတယ်။
လက်ရှိ နယူးယောက်မြို့ရဲ့ အကြီးမားဆုံးထောင်ဟာ ထောင်တွင်းအကြမ်းဖက်မှု၊ လူသတ်မှုတွေကြောင့် နာမည် ဆိုးနဲ့ ကျော်ကြားနေတဲ့အတွက် မိုးမျှော်ထောင်သစ်ကို တည်ဆောက်ဖို့ စီစဉ်တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီထောင်ကြီးရဲ့ အရိပ်မိုးခြင်း၊ လေဝင်လေထွက်ပိတ်ခြင်း၊ ဆူညံခြင်း၊ ဖုန်ထခြင်းတွေခံရမယ့် အရေးကြောင့် ဒေသတွင်းနေထိုင်သူတွေက ကန့်ကွက်ဆန္ဒပြကြလို့ ၂၀၂၀ ပြည့်နှစ်မှာ စီမံကိန်း ယာယီရပ်ဆိုင်းခဲ့ရပေမယ့် အစိုးရက မဖြစ်မနေ ဆောက်လုပ်ရမယ်ဆိုပြီး ပြန်လည်တည်ဆောက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
Ref:Thesun
MKF-001