မဲခေါင်၊ အောက်တိုဘာ ၁၃
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အစ္စရေးတောင်ပိုင်းကနေ ဟားမက်စ်တွေ ဝင်တိုက်ခိုက်သွားမှုအပြင် မြောက်ပိုင်းကနေ ဟစ်ဇ်ဘိုလာတွေပါ ဝင်တိုက်ခိုက်သလို နိုင်ငံအတွင်း မြေပြင်၊ ရေပြင် နေရာစုံကနေ ဒုံးကျည်တွေနဲ့ ဟားမက်စ်ဘက်က တိုက်ခိုက်နေမှုမှာ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟု ပြင်ဆင်မှု ဘာမှမလုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်သွားပါတယ်။
ဖလော်ရီဒါကနေ ဒေါ်နယ်ထရမ့်က ပြောဆိုမှုကို အောက်တိုဘာ ၁၂ ရက်နေ့မှာ Fox News ကတင်ဆက်ရာ မှာတော့ ထရမ့်က ၂၀၂၀ က အီရန်ထိပ်တန်းစစ်ခေါင်းဆောင် ကက်ဆမ်ဆိုလီမာနီကို လုပ်ကြံဖို့ အကူအညီ တောင်းတော့ ဘီဘီ (နက်တန်ယာဟု) က ငြင်းခဲ့တယ်။ ကျွန်တော်တို့ကို ဘီဘီ ဒီလိုလုပ်ခဲ့တာ ဘယ်တော့မှ မမေ့ ဘူး။ ဒါပေမဲ့ သူမကူလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာပဲ လို့ ဆိုပါတယ်။
“အခုလည်း သူ ဘာမှ ကြိုတင်ပြင်ဆင်တာမရှိဘူး၊ အစ္စရေးအတွက် ပြင်ဆင်ထားမှုလည်း မရှိဘူး။ ကျွန်တော် သမ္မတအဖြစ် ရှိနေသေး ရင်တော့ ပြင်ဆင်မှုမလုပ်တာ ကိစ္စမရှိဘူး။ သူတို့ ကာကွယ်ရေးဝန်ကြီး ဒါမှ မဟုတ် တစ်ယောက်ယောက်ကို ပြောချင်ခဲ့တာ။ မြောက်ဘက်ကနေ ဟစ်ဇ်ဘိုလာတွေ လာမတိုက်ပါစေနဲ့ဆုတောင်းခဲ့တာ။ နောက်ရက်မှာပဲ အစ္စရေးကို မြောက်ပိုင်းကနေ ဟစ်ဇ်ဘိုလာက ဝင်တိုက်တာပဲ။ ဒါ ကိုယ်တွေဘက်က အားနည်းချက်ပဲ။ ခုတော့ အစ္စရေးဟာ အီရန်ပါပါတဲ့အင်မတန်မှ အင်အားကြီးတဲ့ ရန်သူနဲ့ စစ်ဖြစ်ရဖို့ ရှိနေပြီ။ အရမ်းကို ပြင်ဆင်သင့်ပြီ” လို့ ပြောသွားပါတယ်။
Ref: Fox News
MKF-001
#MeKongNews
#ထရမ့်
#အစ္စရေး
#နေတန်
#ဘီဘီ
#အမေရိကန်