ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်သည့်လုပ်သားများကို လူမှုလုံခြုံရေးစနစ်အရ ထောက်ပံ့ငွေဘတ် ၄၀၀၀ ပေးမည့်အစီအစဉ်ကို မကြာမီတွင် ထိုင်းအစိုးရက ခွင့်ပြုနိုင်ချေရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ဆူချာ့ချွမ်ကလင်က ပြောသည်။
တလအတွင်း ထောက်ပံ့ငွေပေးနိုင်သည့် အစီအစဉ်ကို အစိုးရအဖွဲ့ထံတင်ပြနိုင်ပြီး မကြာမီခွင့်ပြုနိုင်မည်ဟုမျှော်မှန်းကြောင်းလည်း ဝန်ကြီးကပြောသည်။
ထိုင်းလူမှုဖူလုံရေးအက်ဥပဒေအရ အကြုံးဝင်သော ပုဂ္ဂလိကလုပ်ငန်းများမှလုပ်သား ၁၁ သန်း ထောက်ပံ့ငွေရမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရှိခဲ့ချိန်မှစပြီး ထိုလူများသည် ထိုင်းအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကယ်ဆယ်ရေးအစီအစဉ်များမှ ချန်လှပ်ခံထားရသူများဖြစ်သည်။
ထောက်ပံ့ငွေရရှိရန် ဝန်ထမ်းတယောက်သည် ထိုင်းနိုင်ငံသား၊ ဘဏ်အပ်ငွေဘတ် ၅၀၀၀၀၀ မကျော်သူဖြစ်ရမည်။
ထိုငွေကို တလအတွင်းပေးမည်ဖြစ်ပြီး ထိုင်းအစိုးရ၏ဘတ်သန်း ၁၀၀၀၀၀၀ အရေးပေါ်ချေးငွေထဲမှ ဘတ်သန်း ၄၀၀၀၀ ဖြင့်ပေးသွားမည်ဖြစ်သည်။
ထိုင်းလူမှုဖူလုံရေးအက်ဥပဒေအရ အကြုံးဝင်သောလုပ်သားများထဲတွင် အစိုးရ၏လူမှုဖူလုံရေးကတ်ကိုင်ဆောင်သူ ၁.၁ သန်းခန့်သာမက ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်သည်။