မဲခေါင်၊ မေ ၅
နိုင်ငံပေါင်း ၂၀ မှာပြသခဲ့ပြီး ရန်ပုံငွေကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့တဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးဇာတ်လမ်းတို ရုပ်ရှင်ကိုမေ ၆ ရက်မှာ YouTube ကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။
ဒါရိုက်တာကိုပေါက် ရိုက်ကူးပုံဖော်ထားတဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင်ဟာ နိုင်ငံအသီးသီးမှာ ၇ လ ကြာသည့်အထိ ပြသနေပြီး လက်ရှိအချိန်ထိလည်း ပြသဆဲရုပ်ရှင်ဖြစ်ပါတယ်။
“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို အိုင်ဖုန်းတလုံးတည်းနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တွေကိုယ်တိုင် သရုပ်ဆောင်ထားတာပါ။
“မသောက်မိသောမိုးခါးရေ” ဇာတ်လမ်းတိုရုပ်ရှင်ကို မေ ၆ ရက် ညနေ ၅ နာရီကစပြီး အားလုံးကြည့်ဖို့ YouTube မှာ တင်ပေးမယ်လို့ ဒါရိုက်တာ ကိုပေါက်ကရေးသားထားပါသေးတယ်။
ဒါရိုက်တာ ကိုပေါက်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။
MK- 006
#မသောက်မိသောမိုးခါးရေ
#YouTubeမှာကြည့်နိုင်