ဒေသတွင်းသတင်း

‘ဝ’ ခေါင်းဆောင်းတွေရဲ့ သား ၂ယောက်ကို ကျားဖြန့်ဆက်စပ်မှုနဲ့ တရုတ်ဖမ်းထား

မဲခေါင် 14 Oct - 2023
‘ဝ’ တပ်ဖွဲ့ - UWSA ရဲ့ ဒုဥက္ကဌ ၃ ယောက်ထဲက တစ်ယောက်ရဲ့ သားအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၂ယောက်ရဲ့ သားတွေကို တရုတ်က ဖမ်းထားတယ်လို့ မဲခေါင်က စုံစမ်းသိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၄

‘ဝ’ တပ်ဖွဲ့ – UWSA ရဲ့ ဒုဥက္ကဌ ၃ ယောက်ထဲက တစ်ယောက်ရဲ့ သားအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၂ယောက်ရဲ့ သားတွေကို တရုတ်က ဖမ်းထားတယ်လို့ မဲခေါင်က စုံစမ်းသိရပါတယ်။

သူတို့ ၂ယောက်ကို အောက်တိုဘာလ အစပိုင်းက တရုတ်က ဖမ်းထားတာဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဖြစ်တဲ့ ကျားဖြန့် လုပ်ငန်းတွေနဲ့ ဆက်စပ်လို့ ဖမ်းထားတာလို့ UWSA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

“SSPP နဲ့ TNLA ဆွေးနွေးပွဲလုပ်နေတုန်းကတည်းက ဖမ်းထားတာ။ တရုတ်က ကျားဖြန့်ကိစ္စကို တင်းတင်းကြပ်ကြပ်ကိုင်နေတာ” လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ၂ယောက်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မဲခေါင်က စုံစမ်းနေဆဲဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အဲဒီ ၂ယောက်ကို ဖမ်းဆီးပြီးတဲ့နောက်မှာ နောက်ထပ် ‘ဝ’ အရာရှိ ၂ ဦးဖြစ်တဲ့ အိုက်ပန်းနဲ့ အိုက်ဟော့ကိုလည်း ဝရမ်းထပ်ထုတ်ထားပါတယ်။

ဝရမ်းထုတ်ခံထားရတဲ့ အိုက်ပန်းဟာ UWSA ရဲ့ ဆောက်လုပ်ရေးဌာနမှူးဖြစ်ပြီး အိုက်ဟော့ကတော့ မိုင်းလင်းခရိုင်ရဲ့ ခရိုင်မှူးဖြစ်ပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဖြစ်တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ တရုတ်-မြန်မာနယ်စပ်နေရာတွေနဲ့ ကရင်ပြည်နယ်ထဲက ရွှေကုက္ကိုလ်မြို့တွေမှာ တရုတ်လူမျိုးတွေ အကြီးအကျယ်လုပ်ကိုင်နေတာ ဖြစ်ပြီး ဒေသအာဏာပိုင်တွေနဲ့ ပြည်သူ့စစ်တွေကလည်း ငွေကြေးရယူကာ အဲဒီလုပ်ငန်းတွေကို ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

UWSA ထိန်းချုပ် နယ်မြေတစ်ခုဖြစ်တဲ့ မိုင်းပေါက်မြို့မှာဆိုရင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေလည်း အများအပြားရှိတယ်လို့ လူကုန်ကူးခံရသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

MK – 004

#MeKongNews

#UWSA

#တရုတ်

#အိုက်ပန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now