Covid-19

ဟိုပုံး၌ ကျောင်းသား/သူ ၅၂ဦး COVID-19ပိုးတွေ့၊  ၂ရက်အတွင်း ပိုးတွေ့ကျောင်းသား/သူ ၇၅ဦးရှိလာ

မဲခေါင် 25 Dec - 2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှ ကျောင်းသား/သူ ၅၂ဦးတွင် ဒီဇင်ဘာလ ၂၅ရက်က COVID-19ပိုးတွေ့ပြီး ၂ရက်အတွင်း ပိုးတွေ့ကျောင်းသား/သူ ၇၅ဦးရှိလာပြီဖြစ်ကြောင်း ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဟိုပုံးမြို့နယ်၌ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုထားသူ ၁၁၀၀ ဦး၏ နှာခေါင်းတို့ဖက်များကို ယနေ့ RDT ဖြင့် စစ်ဆေးခဲ့ရာ ‌ကျောင်းသား/သူ၅၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပိုးတွေ့ရှိသူများသည် နောင်တောင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများဖြစ်သည်ဟုလည်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရှိရသည်။ အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်တွင်လည်း ကျောင်းသား/သူ ၂၃ ဦး၊ ဒီဇင်ဘာလ ၂၁ရက်တွင် ကျောင်းသူတစ်ဦး၌  COVID-19 ပိုး တွေ့ခဲ့ပြီး ၎င်းတို့ကို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှ ကျောင်းသား/သူ ၅၂ဦးတွင် ဒီဇင်ဘာလ ၂၅ရက်က COVID-19ပိုးတွေ့ပြီး ၂ရက်အတွင်း ပိုးတွေ့ကျောင်းသား/သူ ၇၅ဦးရှိလာပြီဖြစ်ကြောင်း ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဟိုပုံးမြို့နယ်၌ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုထားသူ ၁၁၀၀ ဦး၏ နှာခေါင်းတို့ဖက်များကို ယနေ့ RDT ဖြင့် စစ်ဆေးခဲ့ရာ ‌ကျောင်းသား/သူ၅၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပိုးတွေ့ရှိသူများသည် နောင်တောင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများဖြစ်သည်ဟုလည်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရှိရသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်တွင်လည်း ကျောင်းသား/သူ ၂၃ ဦး၊ ဒီဇင်ဘာလ ၂၁ရက်တွင် ကျောင်းသူတစ်ဦး၌  COVID-19 ပိုး တွေ့ခဲ့ပြီး ၎င်းတို့ကို သာသနာ့ဗိမ္မာန် Positive Center တွင် ထားရှိကြောင်းနှင့် လတ်တလောအခြေအနေအရ လူနာများမှာ ကျန်းမာရေး ကောင်းမွန်ကြောင်းကိုလည်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Covid-19 အာရှသတင်း

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ်
Covid-19 ကမ္ဘာ့သတင်း

တစ်လကျော်အတွင်း ကိုဗစ်ကြောင့် ၆၀၀၀၀ နီးပါး သေဆုံးတယ်လို့ တရုတ်ဝန်ခံလာ

တရုတ်အစိုးရဟာ ကိုဗစ်သက်တမ်း ၃နှစ်အတွင်း သေဆုံးသူ ၅၀၀၀ ကျော်သာရှိခဲ့တယ်လို့ တစ်ချိန်လုံး လိမ်လည်နေခဲ့ရာက ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပြီးခဲ့တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Covid-19

ရပ်စောက်မြို့မှာ သေဆုံးသူကို စစ်ဆေးရာ ကိုဗစ်ပိုးတွေ့

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့မှာ ယမန်နေ့ စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းက သေဆုံးသွားသူ တစ်ဦးကို စစ်ဆေးရာမှာ ကိုဗစ် ရောဂါပိုး တွေ့ခဲ့တယ်လို့ မဇ္ဈိမ လူမှုကူညီရေးအသင်း ထံကနေ သိရပါတယ်။ ရပ်စောက်မြို့၊ မြို့ကုန်းရပ်ကွက်မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Covid-19

တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ကြေးနန်းအစီရင်ခံစာမှာ မဖော်ပြဖို့ ညွှန်ကြားတဲ့ လျှို့ဝှက်စာပေါက်ကြား

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ သေဆုံးမှုတွေကို အစီရင်ခံစာ ကြေးနန်းတွေမှာ မဖော်ပြဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ယမန်နေ့ စက်တင်ဘာ ၂၆ ရက်က ညွှန်ကြားလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေ အတွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Covid-19

ကျိုင်းတုံကနေ တာချီလိတ်ကိုလာတဲ့ အမျိုးသမီး ၁ ဦးမှာကိုဗစ်ပိုးတွေ့

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ခရီးသွားဖို့ အတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဒီကနေ့၊ မနက်ပိုင်းက လာရောက် စစ်ဆေးသူတွေထဲက တစ်ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ပိုး တွေ့ရှိတဲ့ အမျိုးသမီးဟာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Covid-19

တာချီလိတ်တွင် ခရီးသွားဖို့ လာရောက်စစ်ဆေးသူတွေထဲက ၂ ဦးမှာ ကိုဗစ်ပိုးတွေ့

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ခရီးသွားဖို့ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်မှာ ကိုဗစ်-၁၉ ‌ရောဂါပိုး ရှိ၊ မရှိ လာရောက် စစ်ဆေးသူတွေထဲက ၂ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now