စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ သေဆုံးမှုတွေကို အစီရင်ခံစာ ကြေးနန်းတွေမှာ မဖော်ပြဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ယမန်နေ့ စက်တင်ဘာ ၂၆ ရက်က ညွှန်ကြားလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေ အတွင်း အထက်ဌာနေ တွကို ပေးပို့တဲ့ အစီရင်ခံစာတွေ၊ ကြေးနန်းတွေမှာ အရေးကြီး ပုဂ္ဂိုလ်သွားလာလှုပ်ရှားမှု၊ စစ်တိုင်းမှူးရဲ့ လှုပ်ရှားသွားလာမှု၊ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်မှ ထိခိုက်၊ ဒဏ်ရာရမှုတွေ ထည့်သွင်း မဖော်ပြဖို့ ညွှန်ကြားစာမှာ ပါရှိပါတယ်။
အဆိုပါ ညွှန်ကြားစာကို စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ထံ လျှို့ဝှက်ပေးပို့ရာ ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ နေ့စဉ် သေဆုံးနေပြီး သေဆုံးမှု စာရင်းကို အစီရင်ခံစာတွေမှာ ဖော်ပြရာ သတင်း ပေါက်ကြားတဲ့အတွက် မဖော်ပြဖို့ အခုလို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။