Covid-19

တစ်လကျော်အတွင်း ကိုဗစ်ကြောင့် ၆၀၀၀၀ နီးပါး သေဆုံးတယ်လို့ တရုတ်ဝန်ခံလာ

မဲခေါင် 15 Jan - 2023
တရုတ်အစိုးရဟာ ကိုဗစ်သက်တမ်း ၃နှစ်အတွင်း သေဆုံးသူ ၅၀၀၀ ကျော်သာရှိခဲ့တယ်လို့ တစ်ချိန်လုံး လိမ်လည်နေခဲ့ရာက ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်းမှာတင် သေဆုံးသူ ၆၀၀၀၀ နီးပါးရှိခဲ့တယ်လို့ ဝန်ခံပြီး အစီရင်ခံတင်ပြသွားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၅

တရုတ်အစိုးရဟာ ကိုဗစ်သက်တမ်း ၃နှစ်အတွင်း သေဆုံးသူ ၅၀၀၀ ကျော်သာရှိခဲ့တယ်လို့ တစ်ချိန်လုံး လိမ်လည်နေခဲ့ရာက ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်းမှာတင် သေဆုံးသူ ၆၀၀၀၀ နီးပါးရှိခဲ့တယ်လို့ ဝန်ခံပြီး အစီရင်ခံတင်ပြသွားခဲ့ပါတယ်။

တရုတ်တာဝန်ရှိသူတွေက အိုမီခရွန်မျိုးခွဲက ထပ်ခွဲထွက်တဲ့ BA.5.2 နဲ့ BF.7 ဗိုင်းရပ်စ်တွေဟာ လက်ရှိ နိုင်ငံအတွင်း ပျံ့နှံ့နေတာဖြစ်ကြောင်းနဲ့ ဒီဇင်ဘာ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်နေ့အထိ သေဆုံးသူပေါင်း ၅၉၉၃၈ ဦး ရှိခဲ့တယ်လို့ အစီရင်ခံခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ကိုဗစ်လုံး၀ကင်းရှင်းရေးပေါ်လစီကို ပယ်ဖျက်ပေးပြီး စီးပွားရေးနဲ့ ခရီးသွားလာမှုအားလုံး ပြန်ဖွင့်ပေးခဲ့ရာမှာ နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုနှုန်းကြောက်ခမန်းမြင့်တက်နေလို့ နိုင်ငံအများစုက တရုတ်ကလာ သူတွေကို အထူးကိုဗစ်စည်းမျဉ်းတွေနဲ့ စစ်ဆေးနေပါတယ်။ 

ဒါကို တရုတ်အစိုးရက မကျေမနပ်နဲ့ ခွဲခြားဆက်ဆံ တယ်ဆိုပြီး တောင်ကိုရီးယားနဲ့ ဂျပန်ကို ကာလတိုဗီဇာ ပိတ်ကြောင်းကြေညာပြီး မကြာခင် ဂျပန်ကို ပြန်ဖွင့်ပေးခဲ့တယ်။

တရုတ်ဘက်က ဝန်ခံလာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေအဖွဲ့ WHO အကြီးအကဲ အဒါနွန်ဂီဘရီယက်စ်ဆက်က အာရှအမျိုးသားကျန်းမာရေးကော်မရှင်ဒါရိုက်တာ တရုတ်နိုင်ငံသူ မာရှောင်ဝေနဲ့ ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံ စဉ် တရုတ်အစိုးရအနေနဲ့ ကိုဗစ်အချက်အလက်တွေကို အသေးစိတ်အတိအကျ မျှဝေပေးဖို့ တောင်းဆိုချက်ကို ထုတ်ပြန်သွားခဲ့ပါတယ်။

MKF – 001

Ref: alarabiya

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲလို့ ဆူနာမီသတိပေးချက်ထုတ်ပြန်၊ လူပေါင်း ၁၁၀၀၀ ကို နေရာရွှေ့ပြောင်းခိုင်း

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမြောက်ဘက်မှာရှိတဲ့ ရူအန်းမီးတောင်ကြီး ၅ကြိမ် ထက်မနည်း အကြီးစားပေါက်ကွဲမှုဖြစ်တာကြောင့် အင်ဒိုနီးရှားအစိုးရဟာ ဆူနာမီသတိပေးချက်ထုတ်ပြန်သလို အနီးအားဒေသက လူပေါင်း ၁၁၀၀၀ ကို
ကမ္ဘာ့သတင်း

အီရန် တပ်မတော်နေ့မှာ လက်နက်အင်အား တိုးမြှင့်ပြသ

ဧပြီ ၁၈ ရက်နေ့မှာ အီရန်ဟာ အမျိုးသားတပ်မတော်နေ့အခမ်းအနား စစ်ရေးချီတက်ပြသမှုကို ပြုလုပ်ခဲ့ရာမှာ လုံခြုံရေးတင်းကြပ်ခဲ့ပြီး လက်နက်အင်အားတွေကိုတော့ တိုးမြှင့်ပြသခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂါဇာပြည်သူ့လုံခြုံရေးအာမခံချက်မပေးရင် အစ္စရေးအပေါ် မူဝါဒပြောင်းလဲသွားရမယ်လို့ ဂျိုးဘိုင်ဒန် သတိပေး

ဂါဇာမှာ ပြည်သူတွေကို အကာအကွယ်မပေးတဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင် ထားရှိတဲ့ နှစ်နိုင်ငံမဟာမိတ်မူဝါဒကို ပြောင်းလဲရလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီ၊ လက်နက်ခဲယမ်း တင်သွင်းခြင်းမပြုဖို့ ကုလလူ့အခွင့်အရေးကောင်စီ လက်ခံသဘောတူ

လေယာဉ်ဆီအပါ လက်နက် ခဲယမ်းတွေ တင်ပို့ ခြင်းမပြုဖို့ ချင့်တွက်တိုင်းတာမှာဖြစ်ကြောင်း အများဆန္ဒနဲ့ လက်ခံအတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

နယူးယောက်မြို့မှာ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်ထောင်ကြီး တည်ဆောက်နေ

အမေရိကန်အစိုးရဟာ နယူးယောက်မြို့လယ် အရင် မန်ဟက်တန်ထိန်းသိမ်းရေးစင်တာနေရာမှာ အထပ် ၄၀ မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်ထောင်ကြီး တည်ဆောက်ဖို့ စီမံနေပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ခိုတောင်ကျွန်း ကူတို့ယာဉ် မီးလောင်၊ နိုင်ငံခြားခရီးသွားတွေ ရေထဲခုန်ချကြပေမယ့် အားလုံးကို ကယ်တင်နိုင်ခဲ့

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းကိုသွားတဲ့ ကူတို့သင်္ဘောဟာ ဧပြီ ၄ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီဝန်းကျင်မှာ အင်ဂျင်းခန်းကနေ စတင်မီးလောင်ခဲ့ရာက တစ်စီးလုံး မီးလောင်နစ်မြုပ်သွားပေမယ့် ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့တွေဟား အားလုံးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ထိုင်ဝမ်မှာ ပြင်းအား ၇.၄ ရှိငလျင် လှုပ်ခတ်လို့ ဆူနာမီသတိပေးချက်ထုတ်ပြန်ထား

ဧပြီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်မှာ ပြင်းအား ၇ . ၄ ရှိတဲ့ အင်အားပြင်းငလျင်တစ်ခု ထိုင်ဝမ် ကျွန်းအရှေ့ဘက်ခြမ်းမှာ လှုပ်ခတ်သွားလို့ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဘယ်လ်တီမိုးတံတားကြီး ကွန်တိန်နာသင်္ဘောဝင်တိုက်လို့ ပြိုကျ

ဘယ်လ်တီမိုးမြို့က ဖရန်ဆစ်စကော့ကီး တံတားကြီးဟာ မတ် ၂၆ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ ကွန်တိန်နာသင်္ဘောကြီးတစ်စီး ဝင်တိုက်မိရာက ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now