Others

လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေသာ ရေရှည်ခံမယ်လို့ ယာယီသမ္မတပြော

မဲခေါင် 14 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့ အခါမှာ လက်တွေ့ နိုင်ငံရေး ရလဒ်နဲ့ စည်းရုံးမှုတွေသာ ရေရှည်ခံမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့ အခါမှာ လက်တွေ့ နိုင်ငံရေး ရလဒ်နဲ့ စည်းရုံးမှုတွေသာ ရေရှည်ခံမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ၆ /၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ အခုလို ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့ဟာ ယေဘုယျ ရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရပါဘူး။ တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေကို ပေးဝေဖို့ လိုနေပါပြီ။ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေကသာလျှင် ရေရှည် တည်တံ့တယ်ဆိုတာ ကျွန်တော်တို့ NUG အစိုးရ အဖွဲ့ဝင် အားလုံးကို သိစေချင်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်ပြီးလို့ ၃ နှစ်တာ ကာလထဲကို ချည်းနင်း ဝင်ရောက်လာမှုမှာ တိကျတဲ့ နိုင်ငံရေး ရလဒ်တွေ ထွက်ဖို့ ကြိုးစားကြဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လုံစာချုပ်ချုပ်ဆိုတဲ့ (၇၄) နှစ်မြောက်နေ့ အခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့လို့ ဝမ်းသာ ပီတိဖြစ်ရတဲ့ အပြင် တိုင်းရင်းသား မဟာမိတ် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ သဝဏ်လွှာတွေကို လက်ခံရရှိလို့လည်း အားရကျေနပ်မိတယ်လို့ သူကဆိုပါတယ်။

ပြည်ထောင်စုရေး၊ ဖက်ဒရယ်ရေး အတွက် မဟာမိတ် အစုအဖွဲ့ အသီးသီး၊ တိုင်းရင်းသား ခေါင်းဆောင် အများအပြားက သဘောထားဆန ္ဒမျှဝေချက်တွေကို အသိအမှတ်ပြု လေးစားတယ်လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာ ဖက်ဒရယ်အရေး အတွက် အင်အားစုတွေ စိတ်ဆန္ဒဇော ထက်သန်ပြင်းပြမှု ရှိတာဟာ နွေဦး တော်လှန်ရေးရဲ့ နိုင်ငံရေး ဘုံသဘောတူညီချက်၊ နိုင်ငံရေး ဘုံရည်မှန်းချက်မှာ အားလုံး စုစည်းလာကြတယ် ဆိုတာကို အထင်အရှား ပြနေတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲကို ဆင်နွှဲနိုင်ဖို့အတွက် ပြည်တွင်း‌ရော အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ မဟာမိတ် ဆက်ဆံရေး ဖြစ်ထွန်းဖို့ ကြိုးစားရမယ်လို့လည်း သူက တိုက်တွန်းပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြည်တွင်းရေး ကိစ္စတွေဟာ ပထဝီနိုင်ငံရေး ကိစ္စနဲ့လည်း တိုက်ရိုက် သက်ဆိုင် နေပါတယ်။ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲမှာ နွေဦးတော်လှန်ရေး အပေါ် မတူတဲ့ သဘောထား ထင်မြင်ချက်တွေ ရှိတာကို နားလည်ပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်း တည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်” လို့ သူကဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ထန်တလန်မြို့မှာ အောင်ပွဲခံနိုင်ခဲ့တဲ့ ခုခံတော်လှန် တိုက်ပွဲကိုလည်း သူက ချီးမွှမ်း ဂုဏ်ပြုပါတယ်။

“စစ်ကိုင်းတိုင်းဒေသနဲ့ ဆက်စပ်ပြီးတော့ ချင်းပြည်နယ်ရဲ့ ခုခံတော်လှန်စစ်ကလည်း မြေပြင် စိုးမိုးမှုကို ခြေကုတ်ယူနိုင်စွမ်း မြင့်မားတာကို တွေ့ရပါတယ်။ ချင်းပြည်နယ်မှာ လူထု အားကိုးအားထားရတဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းပြည်နယ်တွင်းက ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ စွမ်းဆောင်မှုတွေကို လေးစားဦးညွှတ်လျက်ရှိကြောင်း သတင်းစကားပါးလိုပါတယ်” လို့ သူကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ Chain of Command ထဲမှာ အခုထက် ပိုမိုကျစ်လစ် စုစည်းနိုင်ဖို့ လိုအပ်ကာ ခုခံတော်လှန်စစ်မှာ အမိန့်ပေး ကွပ်ကဲမှု စည်းစနစ်ကျနရေးဟာ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးနည်းအရ ခေါင်းဆောင်မှု ပေးရာမှာရော စစ်ရေးအရ စီမံကွပ်ကဲရာမှာ NUG အစိုးရ အဖွဲ့ဝင်တွေ ဂရုတစိုက် လုပ်ဆောင်ရလိမ့်မယ်လို့ သူကပြောပါတယ်။

“အဲသည်လို လုပ်ဆောင်ရာမှာ မိမိတို့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးနဲ့ မိမိတို့ရဲ့ နိုင်ငံရေး အမြော်အမြင် ကိုလည်း ပိုမိုအားကောင်းအောင် တည်ဆောက်နေရမှာ ဖြစ်ပါတယ်။ လူထုကို ခေါင်းဆောင်တဲ့ သူတွေဟာ တော်ရုံ ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ရပ်တန့်နေလို့ မရပါဘူး” လို့ ယာယီသမ္မတက ထောက်ပြပါတယ်။

ဒါ့အပြင် နိုင်ငံရေး အမြော်အမြင် စူးရှထက်သန်မှုမှာလည်း လက်နက်ကိုင် တော်လှန်ရေးတပ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ဖြစ်ဖို့ တည်ဆောက်ထားမှသာ နိုင်ငံရေးအရ တပ်ဦးမှာ ခေါင်းဆောင်မှုကို အထင်အရှားပြနိုင်မယ်လို့ သူက ထပ်မံပြောကြားပါတယ်။

MK-003
#MeKongNews
#ယာယီသမ္မတ
#NUG
#ဖက်ဒရယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး အပြည့်အဝ ထိန်းချုပ်ထားသည်ဟု ISP-Myanmar က ယခုလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြချက်အရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

Beijing’s aggressive response to the Japanese PM’s remarks pushes bilateral relations to a new low

~ Linn Maung ~ Sino-Japanese relations have plunged to a new low after Beijing’s reaction to Japanese Prime Minister Sanae

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ပို့ဆောင်ရောင်းချသူများကို စစ်ကောင်စီ ထောင်ချ

မဲခေါင်၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ အငှားမယားအဖြစ် ရောင်းစားသည့် ဖြစ်ရပ်ပိုမို များပြားလာကြောင်း စစ်ခေါင်းဆောင်ဝန်ခံပြီးနောက် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ၉ ဦးကို ထောင်ဒါဏ် ၁၀ နှစ်မှ နှစ်၂၀ အထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

အမေရိကန် First Lady မီလာနီယာက လူသားချင်းစာနာပါဟူသော ငြိမ်းချမ်းရေး စာတစ်စောင် ပူတင်ထံပေးခဲ့

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၅ ရက်က အလက်စကားသို့ ရုရှားသမ္မတပူတင် ယူကရိန်းအရေးအတွက် ဒေါ်နယ်ထရမ့်နှင့် လာရောက်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်၏ ဇနီး First Lady မီလာနီယာက ပူတင်အား လူသားချင်းစာနာပါ ဟူသော ငြိမ်းချမ်းရေးစာတစ်စောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now