Others

ရှမ်းမြောက်သတ္တုတွင်း ၃၁ ခုကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး ထိန်းချုပ်ထား

မဲခေါင် 23 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၃ ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး အပြည့်အဝ ထိန်းချုပ်ထားသည်ဟု ISP-Myanmar က ယခုလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြချက်အရ သိရသည်။ သတ္တုတွင်းများအနက် စစ်ကောင်စီတပ်က လုပ်ကွက် ၁၀ ခု၊ ၃၂ ရာခိုင်နှုန်းခန့်ကို အပြည့်အဝ ထိန်းချုပ်ထားသည်။ ယင်းလုပ်ကွက်များသည် တန့်ယန်း၊ နောင်ချို၊ သီပေါနှင့် လားရှိုးမြို့နယ်များတွင်ရှိပြီး ကျောက်မီးသွေး၊ ထုံးကျောက်၊ ခဲ၊ ဂေါဒန်ကျောက်နှင့် ငွေသတ္တုများကို တူးဖော်နေသည်ဟု ISPကဆိုသည်။ “တန့်ယန်းမြို့နယ်ထဲမှာ ကျောက်မီးသွေးတူးဖော်နေသည့် လုပ်ကွက် ၄ ခုထက်မနည်းကို မြန်မာစစ်တပ်က ထိန်းချုပ်ထားပါတယ်။ အဲဒီဒေသမှာ

မဲခေါင်၊ စက်တင်ဘာ ၂၃

ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် သတ္တုတွင်းလုပ်ကွက် ၃၁ ခုတို့ကို စစ်ကောင်စီ၊ TNLA နှင့် MNDAA တို့က အများဆုံး အပြည့်အဝ ထိန်းချုပ်ထားသည်ဟု ISP-Myanmar က ယခုလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြချက်အရ သိရသည်။

သတ္တုတွင်းများအနက် စစ်ကောင်စီတပ်က လုပ်ကွက် ၁၀ ခု၊ ၃၂ ရာခိုင်နှုန်းခန့်ကို အပြည့်အဝ ထိန်းချုပ်ထားသည်။ ယင်းလုပ်ကွက်များသည် တန့်ယန်း၊ နောင်ချို၊ သီပေါနှင့် လားရှိုးမြို့နယ်များတွင်ရှိပြီး ကျောက်မီးသွေး၊ ထုံးကျောက်၊ ခဲ၊ ဂေါဒန်ကျောက်နှင့် ငွေသတ္တုများကို တူးဖော်နေသည်ဟု ISPကဆိုသည်။

“တန့်ယန်းမြို့နယ်ထဲမှာ ကျောက်မီးသွေးတူးဖော်နေသည့် လုပ်ကွက် ၄ ခုထက်မနည်းကို မြန်မာစစ်တပ်က ထိန်းချုပ်ထားပါတယ်။ အဲဒီဒေသမှာ UWSA တပ်ဖွဲ့တွေလည်း လှုပ်ရှားနေကြတယ်”ဟု ISP က အစီရင်ခံစာတွင် ပြောသည်။

ထို့အပြင် တအာင်းတပ်ဖွဲ့ (TNLA) က သတ္တုတွင်းလုပ်ကွက် ၉ ခု၊ ၂၉ ရာခိုင်နှုန်းကို အပြည့်အဝ ထိန်းချုပ်ထားသည်။ ယင်းလုပ်ကွက်များသည် နမ္မတူ၊ ကျောက်မဲ၊ နမ့်ခမ်းနှင့် မန်တုံမြို့နယ်များတွင် တည်ရှိပြီး ခဲ၊ ငွေ၊ ရွှေ၊ ဆီလီကွန်ကျောက်၊ စကျင်ကျောက်၊ သွပ်၊ ကြေးနီ၊ သလင်းကျောက်၊ ကျောက်မီးသွေးနှင့် နဝရတ်ကျောက်များထွက်ရှိသည်ဟုဆိုသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ကမူ လုပ်ကွက် ၈ ခု၊ ၂၆ ရာခိုင်နှုန်းနီးပါးကို အပြည့်အဝ ထိန်းချုပ်ထားသည်။ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်သည့် သတ္တုတွင်း အများစုသည် သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စုအတွင်းတွင် ရှိသည့် ကျောက်မီးသွေးလုပ်ကွက်များ ဖြစ်သည်။

ယင်းဒေသတွင် ရှမ်းတပ်တဖွဲ့ (SSPP/SSA) ကလည်း လှုပ်ရှားနေသဖြင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း၌ ကျောက်မီးသွေးတွင်း ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

လက်ရှိတွင် ယင်းဒေသကို MNDAA က ဆက်လက်ထိန်းချုပ်ထားပြီး ထွက်ရှိသည့် ကျောက်မီးသွေးများကို သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည်ဟု ISP ကဆိုသည်။

အဆိုပါ သတ္တုတွင်းလုပ်ကွက် ၃၁ ခုအနက် ၂၆ ခုကို ပြည်တွင်းကုမ္ပဏီများက တူးဖော်ခွင့်ရထားပြီး ကျန် ၅ ခုအား မည်သည့်ကုမ္ပဏီများက တူးဖော်နေသည်ကို မသိရကြောင်း ၊ သတ္တုတွင်း လုပ်ကွက် ၂၄ ခုသည် လက်ရှိအချိန်အထိ တူးဖော်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။

သတ္တုတွင်းလုပ်ကွက်များတွင် ကျောက်မီးသွေးတူးဖော်သည့် လုပ်ကွက်သည် အများဆုံးဖြစ်ပြီး ခဲသတ္တုတွင်းသည် ဒုတိယအများဆုံးနှင့် ရွှေသတ္တုတွင်းသည် တတိယအများဆုံး ဖြစ်သည်။ မြို့နယ်အလိုက် သတ္တုတွင်းအများဆုံးရှိသည့်နေရာသည် သီပေါမြို့နယ်ဖြစ်ပြီး လုပ်ကွက် ၇ ခုထက်မနည်း ရှိသည်ဟုဆိုသည်။

ရှမ်းမြောက်ရှိ သတ္တုတွင်းလုပ်ကွက် ၃၁ ခုတွင် အရေးပါမှုအဆင့် မြင့်မားသည့်လုပ်ကွက် ၂ ခုနှင့် အလယ်အလတ်အဆင့် အရေးပါသည့်လုပ်ကွက်များ စုစုပေါင်း ၁၅ ခုရှိသည်။ အရေးပါမှုအဆင့်မြင့်သည့် နမ္မတူသတ္တုတွင်းကို TNLA က ထိန်းချုပ်ထားပြီး မိုင်းမောသတ္တုတွင်းကို UWSA က ထိန်းချုပ်ထားသည်။

မိုင်းမောသတ္တုတွင်းသည် ကမ္ဘာ့သံဖြူထုတ်လုပ်မှုတွင် အရေးပါသည့် သတ္တုတွင်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့သံဖြူကုန်ကြမ်းထုတ်လုပ်မှု၏ ၁၁ ရာခိုင်နှုန်းနီးပါးကို နှစ်စဉ်ထုတ်လုပ်ပေးနေပြီး ယင်းကုန်ကြမ်းအများစုကို မိုင်းမောသတ္တုတွင်းက ထုတ်လုပ်ပေးခြင်းဖြစ်သည်။

အလယ်အလတ်အဆင့် အရေးပါသည့် သတ္တုတွင်း ၁၀ ခုကိုမူ MNDAA က ၆ ခု၊ TNLA နှင့် KIA က ၃ ခုစီ၊ စစ်ကောင်စီတပ်က တစ်ခု ထိန်းချုပ်ထားကြောင်း ISP ကထုတ်ပြန်သည့် အစီအရင်ခံစာတွင်ဖော်ပြသည်။

#MeKongNews
#ရှမ်းမြောက်
#သတ္တုတွင်း
#စစ်ကောင်စီ
#တအာင်းတပ်
#ကိုးကန့်တပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျောက်မဲ၊ သီပေါနှင့် ငါန်းဇွန်မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး ပယ်ဖျက်ရန် စစ်ကောင်စီ သမ္မတက စစ်ကောင်စီ လွှတ်တော်ကို တင်ပြ

မဲခေါင်၊ အောက်တိုဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲနှင့် သီပေါမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ ငါန်းဇွန်မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို ပယ်ဖျက်ရန် စစ်ကောင်စီ
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ် ရေပြာအိုင်တွင် ရေကစားရာမှ လူငယ် ၂ ဦး ရေနစ်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကျင်စန်းကျော့နှင့် ကြူကုတ်ပန်ဆိုင်းကြား ရေပြာအိုင် ရေတံခွန်တွင် ရေနစ်ပျောက်ဆုံးသွားသူ ၂ ဦး၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ပထမနေ့တွင် ဆွဲလှေတစ်စီးတိမ်းမှောက်၊ လူထိခိုက်မှုမရှိ

မဲခေါင်၊ အောက်တိုဘာ ၁၃ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၁၂ ရက်တွင် အင်းတိန်သို့ ကြွရောက်အပူဇော်ခံသည့် ဘုရားပွဲမှ ပြန်လာသော နန်းဟူးရွာသား ၂၀ ကျော် လိုက်ပါလာသည့် ဆွဲလှေတစ်စီး နစ်မြုပ်သွားခဲ့သည်။ ဆွဲလှေနစ်မြုပ်မှုကြောင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးမှု ရှမ်းပြည်၌ အများဆုံးဖြစ်

မဲခေါင်၊ အောက်တိုဘာ ၁၂ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ (ERW) ကြောင့် အရပ်သား ၂၃၀ ဦး သေဆုံးဒဏ်ရာရခဲ့ပြီး ထိခိုက်မှုဖြစ်စဉ်အများဆုံးမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ထရမ့် ကြေညာသည့် စွမ်းအင်အပစ်အခတ်ရပ်စဲမှု ယူကရိန်း ကြိုဆိုသော်လည်း ရုရှား အသံတိတ်နေ

မဲခေါင်၊ အောက်တိုဘာ ၁၂ စွမ်းအင်အပစ်အခတ်ရပ်စဲမှုကို ရုရှားနှင့်ယူကရိန်းက သဘောတူညီလိုက်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် ထိုလုပ်ရပ်ကို ထောက်ခံသွားမည်ဖြစ်ကြောင်း ကိဗ်က ပြောကြားသော်လည်း မော်စကိုဘက်က မှတ်ချက် မပေးသေးကြောင်း သိရသည်။ အပစ်ရပ်မှု ချက်ချင်းအသက်ဝင်လာမည်ဟု ဒေါ်နယ်ထရမ့်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နိုင်ငံခြားဖုန်းနံပတ်များဖြင့် Viber မှ စာပို့ကာ ကျားဖြန့်များလိမ်လည်ရန် ကြိုးစားနေ

မဲခေါင်၊ အောက်တိုဘာ ၁၂ ကျားဖြန့်များက ထမင်းစားပြီးပြီလား ဟု Viberမှတစ်ဆင့် စာပို့ကာ ငွေလိမ်ရန် ထပ်မံကြိုးစားနေသည်ကို သတိထားရန် လိုအပ်သည်ဟု ကိုယ်တိုင်စာပို့ခံရသူများက ပြောသည်။ ကျားဖြန့်များသည် ပြည်ပ ကိုရီးယား၊ ဂျပန်၊ ယူကရိန်း ဖုန်းနံပတ်များဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ထင်းမီးမှတစ်ဆင့် မီးလောင်၊ အိမ်သားတစ်ဦး တကိုယ်လုံး မီးလောင်ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၁၂ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်၊ အိမ်ချစ်ရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ထင်းမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်တစ်ထပ်အိမ်တစ်လုံး လုံးဝမီးလောင်ပျက်စီးခဲ့ပြီး လူတစ်ဦးလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦးပစ်သတ်ခံပြီးနောက် ညဈေးပွဲတော်၌ စစ်ကောင်စီက သေနတ်ပစ်ဖောက်ကာ လူငယ်တချို့ကို ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၁၁ ပင်းတယမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရပြီး မြို့ပေါ်ရှိ ရွှေဥမင်ဘုရားအနီး ဈေးပွဲတော်တွင်၌ စစ်ကောင်စီတပ်များက သေနတ်လာရောက်ပစ်ဖောက်ခဲ့ပြီး ပွဲလာသူအချို့ ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံများက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာအုပ်စု၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now