Others

မဲခေါင်မြစ်ဆိပ်ကမ်းက ကုန်တင်လာတဲ့ တရုတ်ကုန်တင် ယာဉ် ၂ စီး တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရ

မဲခေါင် 27 Sep - 2026
တာချီလိတ်၊ စက်တင်ဘာ ၂၇ တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ)၊ အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သွင်းကုန်လိုင်စင်မပါသည့် တရုတ်ကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် ၂ စီးနှင့် ရာဘာများ ပြည်ပသို့ တရားမဝင် တင်ပို့ရန် ပြင်ဆင်နေသည့် ကုန်တင်ယာဉ် ၂ စီး၊ စုစုပေါင်း ကုန်တင်ယာဉ် ၄ စီးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ)၊ အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ

တာချီလိတ်၊ စက်တင်ဘာ ၂၇

တာချီလိတ်မြို့နယ်အတွင်းရှိ မဲခေါင်မြစ်ဆိပ်ကမ်းမှ တင်သွင်းလာသည့် တရုတ်စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၂စီးကို တာချီလိတ်မြို့အထွက် ဟွေရဲဂိတ်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ)၊ အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သွင်းကုန်လိုင်စင်မပါသည့် တရုတ်ကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ် ၂ စီးနှင့် ရာဘာများ ပြည်ပသို့ တရားမဝင် တင်ပို့ရန် ပြင်ဆင်နေသည့် ကုန်တင်ယာဉ် ၂ စီး၊ စုစုပေါင်း ကုန်တင်ယာဉ် ၄ စီးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ)၊ အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာ ၂၅ ရက် ညပိုင်းက တာချီလိတ်မြို့၊ ဟွေရဲဂိတ်အနီးတွင် ၆ ဘီးနှင့် ၁၂ ဘီး ကုန်တင်ယာဉ် နှစ်စီးကို တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်တွင် ဖွင့်ဖောက်စစ်ဆေးရာ တရုတ်နိုင်ငံထုတ် ခေါက်ဆွဲခြောက်၊ တို့ဖူးခြောက်၊ မာလာအနှစ်၊ ဝေဖာ၊ ပဲငံပြာရည်၊ နို့လက်ဖက်ရည်၊ ငါးအသားတု စသည့် စားသောက်ကုန်များအပြင် ဘက်ဟိုးအစိတ်အပိုင်း၊ ဟိုက်ဒရောလစ်ပစ္စည်း၊ သံပြားနှင့် ဆိုလာပြား ၃၆ ချပ် အပါအဝင် စက်ပစ္စည်းမျိုးစုံ ခန့်မှန်းတန်ဖိုး ကျပ် ၈၅ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အချင်းချင်း ပြန်တိုင်ကြတာမျိုး ဖြစ်နိုင်တယ်။ မဲခေါင်မြစ်ဆိပ်ကမ်းကနေ ဝင်လာတာ အားလုံးကို ဖြတ်သွားပြီးမှ ဟွေရဲဂိတ်ရောက်မှ အဖမ်းခံရတာကို လူတွေက မေးခွန်းထုတ်နေကြတာပေါ့။ တခြား ဒီထက်ဆိုးတာတွေတောင် အဝင်အထွက်လုပ်နေကြတာ။ အဓိကက တံတားမှာ စားသောက်ကုန်တွေ ဖမ်းပြီးတဲ့နောက်ပိုင်း မငြိမ်ဘူးဖြစ်နေတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်း တရုတ်ကုန်များ တင်လာသည့် ကားများအပြင် စစ်ဆေးရေးဂိတ် ပိတ်ထားသည့်အချိန်တွင် မိုင်းဆတ်ဘက်မှ မောင်းနှင်လာပြီး တစ်ဖက်နိုင်ငံသို့ မဲခေါင်မြစ်ကြောင်း ဆိပ်ကမ်းများမှတစ်ဆင့် တရားမဝင် တင်ပို့ရန် ပြင်ဆင်နေသည့် ၁၂ ဘီး ကုန်တင်ယာဉ် နှစ်စီးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ရာဘာစိမ်း တန် ၄၀ ခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များကို အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထားပြီး ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေ ပုဒ်မ ၁၆၇ (၈) အပါအဝင် သက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူနိုင်ရေးအတွက် ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

#MeKongNews
#တာချီလိတ်
#ဟွေရဲဂိတ်
#မဲခေါင်မြစ်
#တရုတ်ကုန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ ဦးက ရဲမေများထံမှ ကာမလိမ်လည်ရယူနေ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်တွင် ကလေးငယ် ညီအစ်ကို ၃ ဦးကို သတ်ဖြတ်ခဲ့သူ တရားခံအား ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အဖွဲ့အား ကူညီပေးနေသည်ဟု စွပ်စွဲကာ PNO ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်ကြီး အောင်ဆန်း ဆိုသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀ တောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။ တရားရုံး၌ တရားခံဧည့်တွေ့ခွင့်မှာ မိနစ်ပိုင်းသာ တွေ့ရသော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now