နေ့စဥ်သတင်း

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင် 22 Oct - 2026
မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင် ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်များထံမှ ငွေကြေးတောင်းခံမှုများလည်း ရှိနေသဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး အခက်အခဲများ ကြုံတွေ့နေရသည်ဟုလည်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါဂိတ်သည် ညပိုင်းယာဉ်သွားလာမှုကို အချိန်ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်ပြီး မိုင်းနောင်၊ မိုင်းရှူးနှင့် အနီးဝန်းကျင်မြို့များသို့ ကုန်စိမ်းနှင့် စားသောက်ကုန်များ ပို့ဆောင်နေသည့် ကုန်သည်များအတွက် အဓိကအခက်အခဲ ဖြစ်ပေါ်စေကြောင်း သိရသည်။ အထူးသဖြင့် နံနက်စောစော ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်ရသည့် ယာဉ်များသည် ဂိတ်ဖွင့်ချိန်အထိ စောင့်ဆိုင်းနေရပြီး

မဲခေါင်၊ အောက်တိုဘာ ၂၂

ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။

ထို့အပြင် ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်များထံမှ ငွေကြေးတောင်းခံမှုများလည်း ရှိနေသဖြင့် ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး အခက်အခဲများ ကြုံတွေ့နေရသည်ဟုလည်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါဂိတ်သည် ညပိုင်းယာဉ်သွားလာမှုကို အချိန်ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်ပြီး မိုင်းနောင်၊ မိုင်းရှူးနှင့် အနီးဝန်းကျင်မြို့များသို့ ကုန်စိမ်းနှင့် စားသောက်ကုန်များ ပို့ဆောင်နေသည့် ကုန်သည်များအတွက် အဓိကအခက်အခဲ ဖြစ်ပေါ်စေကြောင်း သိရသည်။

အထူးသဖြင့် နံနက်စောစော ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်ရသည့် ယာဉ်များသည် ဂိတ်ဖွင့်ချိန်အထိ စောင့်ဆိုင်းနေရပြီး ဖြတ်သန်းခွင့်ရရှိရန် ငွေကျပ် ၃ သောင်းမှ ၄ သောင်းအထိ ပေးဆောင်ရသည့် ဖြစ်စဉ်များရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။

“ဒီဂိတ်မှာတော့ မနက် ၆ နာရီမထိုးမချင်း ကားတွေတန်းစီစောင့်နေရတယ်။ ကုန်စိမ်းကားတွေချည်းပဲ တန်းစီတာ အစီး ၆၀ ကျော်တယ်။ ဖွင့်ပြီဆိုတာနဲ့လည်း ငွေပေးရတာရှိတော့ ကုန်ပို့တဲ့သူတွေအတွက် အချိန်ရော ငွေရော ပိုကုန်တယ်” ဟု ငွေပေးဆောင်ခဲ့ရသူတစ်ဦးက ပြောသည်။

လဲချားမြို့သည် လဲချား-မိုင်းနောင်-မိုင်းရှူးနှင့် မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရယ်မြို့များသို့ ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး ရှမ်းတောင်ဒေသထွက် သီးနှံနှင့် စားသောက်ကုန်များ ဖြန့်ဖြူးပို့ဆောင်ရာ၌ အရေးပါသည့် နေရာတစ်ခုဖြစ်သည်။

လဲချားမှတစ်ဆင့် မိုင်းကိုင်၊ မိုင်းနောင်၊ မိုင်းရှူးနှင့် ကျေးသီးမြို့များသို့ ကုန်စိမ်းနှင့် စားသောက်ကုန်များ နေ့စဉ်ပို့ဆောင်နေရသော်လည်း မက်လန်းဂိတ်၏ ညပိုင်းဖြတ်သန်းခွင့်ပိတ်ပင်မှုကြောင့် ကုန်စည်ပို့ဆောင်ချိန် နောက်ကျခြင်းနှင့် ခရီးစဉ်အချိန်ဇယား ပျက်ယွင်းခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ဂိတ်ပိတ်ထားတော့ မနက်ပိုင်း ကုန်သွားပို့ရမယ့်ကားတွေ အားလုံး စောင့်နေရတယ်။ ကုန်စိမ်းဆိုတာ အချိန်ကြာလေ ဈေးကျလေဖြစ်လို့ ဈေးကွက်ကို နောက်ကျမှရောက်ရင် အရှုံးခံရောင်းရတာတွေရှိတယ်။ ဂိတ်ဖြတ်ဖို့ ငွေပါပေးရတော့ ကုန်သည်တွေအတွက် အခက်အခဲနှစ်ဆဖြစ်နေတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ထို့ပြင် ဂိတ်တွင် စောင့်ဆိုင်းနေရခြင်းကြောင့် ကုန်သည်အချို့သည် နေအိမ်သို့ အချိန်မီပြန်မရောက်နိုင်ဘဲ လမ်းတစ်လျှောက် ညအိပ်စောင့်ဆိုင်းရသည့် အခြေအနေများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ကုန်စိမ်းတွေက အချိန်ကြာရင် လတ်ဆတ်မှုလျော့ပြီး ဈေးကျတတ်တယ်။ ဂိတ်မှာကြာနေလို့ ဈေးကွက်ကို နောက်ကျမှရောက်ရင် အရှုံးခံပြီး ရောင်းရတာတွေရှိတယ်။ တချို့ဆို ကုန်မကုန်သေးပေမဲ့ အိမ်ပြန်နောက်ကျမှာစိုးလို့ စောစောပြန်ရတယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ယာဉ်ဖြတ်သန်းခွင့်ပိတ်ပင်မှုအပြင် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများက ကုန်စိမ်းတင်ယာဉ်များထံ အကြောင်းအမျိုးမျိုးပြကာ ငွေကျပ် ၃ သောင်းမှ ၁ သိန်းအထိ တောင်းခံမှုများရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ယင်းငွေကြေးတောင်းခံမှုများကြောင့် ကုန်ပို့ဆောင်ရေးစရိတ် ပိုမိုမြင့်တက်လာပြီး ကုန်သည်များအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း သိရသည်။

လဲချားမြို့နယ်သည် အနီးဝန်းကျင်မြို့များသို့ ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် ကုန်တင်ယာဉ်များအပါအဝင် နေ့စဉ် ခရီးသွားယာဉ်အများအပြား ဖြတ်သန်းသွားလာလျက်ရှိသည်။ ဒေသခံများနှင့် ကုန်သည်များက တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမဟုတ်ဘဲ တည်ငြိမ်သည့် လဲချားမြို့နယ်တွင် ယာဉ်ဖြတ်သန်းချိန် ကန့်သတ်ထားမှုကို ပြန်လည်ရုပ်သိမ်းပေးရန် လိုလားနေကြသည်။

#MeKongNews
#လဲချား
#မိုင်းနောင်
#မက်လန်း
#စစ်ကောင်စီ
#ကုန်စည်စီးဆင်းမှု
#ပိတ်ပင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now