Others

မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝကများ ထင်သလိုငွေတောင်းနေ

မဲခေါင် 21 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၁ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။ ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက ရှမ်းမြောက်မှသည် ရှမ်းတောင် တောင်ကြီးနှင့် အခြားမြို့များသို့ လာရသည့် ရှမ်းမြောက်မြို့များဖြစ်သည့် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် စသည့်မြို့များမှ လာသူ စစ်ရှောင်များ၊ ခရီးသည်ကုန်သည်များထံ တောင်းခံလာခြင်းဖြစ်သည်ဟု ခရီးသွားယာဥ်မောင်းတစ်ဦးက မဲခေါင်သို့ ပြောသည်။ “အရင်က အတက်ကားပဲ ၁၃ မျဥ်းစောင်း မဟုတ်ရင် တောင်းတာ၊ ခုက ၁၃ မျဥ်းစောင်းကို ကိုးကန့်၊ ပလောင် (တအာန်း)ဆို

မဲခေါင်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ခရီးသည်ကားများကို မိုင်းနောင်-ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ် လဝက ဝန်ထမ်းများက သတ်မှတ်ချက်မရှိပဲ ထင်သလို ငွေတောင်းခံနေကြောင်း ခရီးသွားကားများထံက သိရသည်။

ယင်းတရားမဝင် ငွေကြေးတောင်းခံမှုမှာ ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းမြောက်သို့သွားသည့် ခရီးသည်များသာမက ရှမ်းမြောက်မှသည် ရှမ်းတောင် တောင်ကြီးနှင့် အခြားမြို့များသို့ လာရသည့် ရှမ်းမြောက်မြို့များဖြစ်သည့် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် စသည့်မြို့များမှ လာသူ စစ်ရှောင်များ၊ ခရီးသည်ကုန်သည်များထံ တောင်းခံလာခြင်းဖြစ်သည်ဟု ခရီးသွားယာဥ်မောင်းတစ်ဦးက မဲခေါင်သို့ ပြောသည်။

“အရင်က အတက်ကားပဲ ၁၃ မျဥ်းစောင်း မဟုတ်ရင် တောင်းတာ၊ ခုက ၁၃ မျဥ်းစောင်းကို ကိုးကန့်၊ ပလောင် (တအာန်း)ဆို အဆင်းလည်း ရစ်တောင်းတောင်းပြီ။ သတ်မှတ်ချက်မရှိဘူး။ လူကြည့်၊ လူမျိုးကြည့်ပြီး တစ်သောင်းကနေ တစ်သိန်းထိတောင်းလာတာ။ ကားသမားအနေနဲ့ စီးသူနည်းလို့ ကားခလျော့ပေမယ့် ခုလဝကလို ပရမ်းပတာတောင်းတာကျတော့ မသက်သာဘူး” ဟု ၎င်းက ပြောသည်။

ယင်းဂိတ်တွင် ငွေတောင်းသည့် လဝကမှာ ၂ ဦးဖြစ်ပြီး ဝတ်စုံ၌ အမည်ရင်ထိုး မတပ်ထားသဖြင့် အမည်မသိရကြောင်း၊ အများအားဖြင့် အပေါ်အင်္ကျီယူနီဖောင်းမဝတ်ဘဲ တွေ့ရကြောင်း ကားသမားနှင့် ခရီးသည်များက မဲခေါင်သို့ပြောသည်။

လားရှိူး ရပ်ကွက်ကြီး ၂ နေသူ ဗမာ၊ ကိုးကန့်ကပြား အမျိုးသမီးတစ်ဦးထံကလည်း စက်တင်ဘာ ၁၄ ရက်က တောင်ကြီးသို့ နာရေးကိစ္စဖြင့်လာရာတွင် ယင်းလဝကများက ရစ်တောင်းတောင်းသဖြင့် တစ်ဦး တစ်သိန်းတောင်းသည်ကို စျေးဆစ်ပြီးပေးလာခဲ့ရကြောင်း သိရသည်။

“မှတ်ပုံတင်မပါရင် ၅ သောင်း။ ပါလို့ ၁၈ နှစ်ပြည့် မလဲထားရင် ၅၀၀၀၊ ၁ သောင်း တောင်းတာ။ ၁၈ နှစ်ပြည့်လဲထားရင်လည်း Smart Card မလုပ်ထားလို့ဆိုပြီး မရရအောင် ငွေညှစ်ကာ သူတို့တောင်းသလိုပေးမှ ပေးဖြတ်တယ်။ မိသားစု ၄ ယောက်ကို တစ်သိန်းပေးခဲ့ရတယ်” ဟု ၎င်းကပြောသည်။

လတ်တလောတွင် လားရှိူးသို့ မိုးမရွာပါက အဆင်းအတင်မတ်​စောက်ပြီး လမ်းကြမ်းသည့် သာစည်-ပန်ဝိုး-ကျွဲကုန်း အထက်ရဲရွာလမ်းမှ လားရှိူးသို့ ကားခ လူတစ်ဦးလျင် ကျပ် ၂ သိန်းခွဲဖြင့် နေ့ချင်းရောက် မောင်းနှင်နိုင်သော်လည်း ရာသီဥတုဆိုးပါက ယခု လဝကများထိုင်သည့် မိုင်းနောင်-ကျေးသီးလမ်းခွဲမှ သွားရောက်ကြရသဖြင့် ခရီးသည်များ ခရီးစရိတ် ပိုမိုကုန်ကျနေကြရကြောင်း သိရသည်။

#MeKongNews
#လဝက
#မိုင်းနောင်
#ကျေးသီး
#ငွေကောက်ခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now