Others

စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၃ ဦးကို အရေးယူခဲ့ဟု ရှမ်းပြည် လုံ/နယ် ဝန်ကြီး ပြော

မဲခေါင် 22 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၂ ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့ ၏ တာချီလိတ် −တောင်ကြီး လမ်းကြောင်းတစ်လျှောက် ဖွင့်လှစ်ထားရှိသည့် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးကောက်ခံနေမှုအား မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို မေးမြန်းရာတွင် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ယင်းကဲ့သို့ ဖြေကြားခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင်မူ စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၁၅ ဦးကို အရေးယူခဲ့သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး စိန်ဝင်းကပြောသည်။ “စစ်ဆေးရေးဂိတ်များမှာ တရားမဝင် ငွေးကြေးတောင်းခံတဲ့ ရဲတပ်ဖွဲ့ဝင်များကို

မဲခေါင်၊ ဩဂုတ် ၂၂

ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ငွေတောင်းစားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရေးယူခဲ့သည်ဟု စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့ ၏ တာချီလိတ် −တောင်ကြီး လမ်းကြောင်းတစ်လျှောက် ဖွင့်လှစ်ထားရှိသည့် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးကောက်ခံနေမှုအား မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို မေးမြန်းရာတွင် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ယင်းကဲ့သို့ ဖြေကြားခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင်မူ စစ်ဆေးရေးဂိတ်တွင် ငွေတောင်းသည့် ရဲ ၁၅ ဦးကို အရေးယူခဲ့သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး စိန်ဝင်းကပြောသည်။

“စစ်ဆေးရေးဂိတ်များမှာ တရားမဝင် ငွေးကြေးတောင်းခံတဲ့ ရဲတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ၂၀၂၄ ခုနှစ်မှာ ၁၅ ဦး၊ ၂၀၂၅ ခုနှစ်မှာ ၃ ဦး အရေးယူဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် စစ်ဆေးရေးဂိတ်များမှ ငွေကြေးတောင်းခံပါက သက်ဆိုင်ရာဌာနများသို့ အချက်အလက်မှန်ကန်စွာဖြင့် သတင်းပေးပို့ တိုင်ကြားနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

စစ်ကောင်စီ၏ ရှမ်းပြည် လုံ/နယ်ဝန်ကြီး ပြောကြားချက်သည် မြေပြင်အခြေအနေနှင့်များစွာ ကွာဟနေသည်ဟု ကုန်ကားသမားများကပြောသည်။

“တကယ်အရေးယူမယ်ဆို ဂိတ်တိုင်းက ပိုက်ဆံတောင်းနေတာပဲလေ။ ပြီးတော့ တဂိတ်လုံး အတူတူဝေစားကြတာပဲ။ တကယ်အရေးယူချင်ရင် အကုန်အရေးယူရမှာပေါ့။ အခုက တစ်နှစ်လုံးနေမှ ၃ ယောက်အရေးယူတာဆိုတော့ အရေးယူခံရတဲ့ကောင်က တော်တော်ကံဆိုးနေလို့ဖြစ်မယ်” ဟု ကုန်ကားသမားတစ်ဦးကပြောသည်။

ကုန်တင်ယာဉ်မောင်းသူများ၏ ပြောဆိုချက်အရ တောင်ကြီး-ကျိုင်းတုံအား ကားကြီးများဖြင့် ဆန်သယ်ယူရာတွင်ပင် လမ်းတစ်လျှောက်ရှိ ဂိတ်ပေါင်း ၂၀ ကျော်ကို ပေးရသည့် ဂိတ်ကြေးမှာ သိန်း ၇၀ ကျော်ရှိသည်။

“အဆိုဆုံးက တာကော်တံတား အဲ့မှာရှိတဲ့ စုပေါင်းဂိတ်က ၅ သိန်း အနည်းဆုံးပေးရတယ်” ဟု ကုန်တင်ကားသမားတစ်ဦးကပြောသည်။

တာချီလိတ်မှ တောင်ကြီးအထိ လမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်များသည် ခရီးသွားပြည်သူများသာမက လွှတ်တော်ကိုယ်စားလှယ်များကိုပါ တင်းကြပ်စွာ စစ်ဆေးခြင်း၊ ခရီးသွားများအား ငွေကြေးတောင်ခြင်း စသည့် မလိုလားအပ်သည့် စစ်ဆေးမှုများပြုလုပ်ခြင်းကြောင့် အချိန်ကြန့်ကြာကာ အကျပ်အတည်းဖြစ်စေသည်ဟု ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

တောင်ကြီး−ဟိုပုံး−လွိုင်လင်−နမ့်စန်−မိုင်းပျဥ်း−ကျိုင်းတုံ−တာချီလိတ် လမ်းမကြီးသည် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပြီး ထိုင်းကုန်စည်များကို အများအပြားတင်သွင်းရာ လမ်းကြောင်းလည်း ဖြစ်သည်။

#MeKongNews
#စစ်ဆေးရေး
#ရှမ်းပြည်
#ငွေတောင်း
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now