မြန်မာ့နွေဦး

အမှတ် (၂) တံတားက သောင်မတင်ရေမကျဖြစ်နေတဲ့ စစ်ကောင်စီတပ် ၁၀၀ ကျော်အရေး ထိုင်းအစိုးရ ဆုံးဖြတ်ဖို့ အခက်တွေ့

မဲခေါင် 17 Apr - 2024
မဲဆောက်ဘက်ခြမ်းမှာ မီဒီယာပေါင်းများစွာဟာ နေ့ညမပြတ် အမှတ် (၂) တံတားတွင်းက စစ်ပြေးအုပ်စု အခြေ အနေကို စောင့်ကြည့်နေကြပါတယ်

မဲခေါင်၊ ဧပြီ ၁၇

ဧပြီ ၁၀ ရက်ည ကတည်းက မြ၀တီ ၂၇၅ တပ်ကို စွန့်ခွာထွက်ပြေးပြီး အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဝန်းထဲ လက်နက်ကိုင်ဆောင်ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဟာ ဧပြီ ၁၂ ရက် မနက် ၉ နာရီအချိန်အထိ ဒီအတိုင်းဆက်ရှိနေသေးပြီး ထိုင်းအစိုးရဘက်က ခေါ်ယူကယ်တင်ဖို့အရေး အခက်တွေ့နေ ကြောင်း The Reporters မီဒီယာက ရေးသားဖော်ပြခဲ့ပါတယ်။

မဲဆောက်ဘက်ခြမ်းမှာ မီဒီယာပေါင်းများစွာဟာ နေ့ညမပြတ် အမှတ် (၂) တံတားတွင်းက စစ်ပြေးအုပ်စု အခြေ အနေကို စောင့်ကြည့်နေကြပြီး The Reporters မီဒီယာက မြ၀တီဘက်အထိ ကူးသွားလို့ အမှတ် (၂) တံတားဘေး ပတ်လမ်းက ကားမောင်းလို့ မှတ်တမ်းတင် ရိုက်ကူရင်း ဒီသတင်းကို တင်ဆက်သွားတာဖြစ်ပါတယ်။

စစ်ပြေး ၁၀၀ ကျော်ကို KNU၊ KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ သွားရောက်တိုက်ခိုက်ခြင်းမရှိသေးဘဲ တိုက်ခိုက်ခဲ့မယ်ဆိုရင် ထိုင်းမြန်မာကုန်စည်ကူးသန်းမှုအတွက် အရေးပါလွန်းတဲ့ တံတား ဗုံးကြဲတိုက်ခိုက်လို့ ပျက်ဆီးနိုင်သလို မြို့ပြဧရိယာအတွင်း လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာနိုင်လို့ ချင့်ချိန်နေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ထိုင်း ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ဒီအရေးကို ဆုံးဖြတ်ချက်ချဖို့ရာမှာ စစ်ပြေးတွေကို လက်ခံရင် လူသားချင်းစာနာနားလည်မှုဆိုင်ရာ နိုင်ငံတကာ ဥပဒေနဲ့အညီ လက်ခံရမှာဖြစ်ပြီး အန္တရာယ်ရှိတဲ့ တပ်ရင်းဆီ ပြန်ပို့ခဲ့ရင် ဒီဥပဒေကို ချိုးဖောက်ရာရောက်မှာဖြစ်ပါတယ်။

အရင်ခေတ်အဆက်ဆက်ကလည်း မြန်မာစစ်သားတွေကို အမြဲပြန်ပို့ပေးနေခဲ့မှုကြောင့် ခိုလှုံ့ခွင့်ပေးပြီး ခေါ်ထားဖို့လည်း မမြင်လို့ ဒီသောင်မတင်ရေမကျ စစ်ပြေး တွေအတွက် အကောင်းဆုံးက တော်လှန်ရေးတပ်တွေဆီမှာ စစ်သုံ့ပန်းအဖြစ် လက်နက်ချ အဖမ်းခံလိုက်ခြင်းသာ ဖြစ်တယ်လို့ တင်ဆက်ရေးသားခဲ့ပါတယ်။

အမှတ် (၂) တံတားဟာ ဧပြီ ၁၁ ရက်နေ့ ခဏတာသာဖွင့်ပြီး ပြန်ပိတ်ထားလို့ မဲဆောက်ဘက်ခြမ်းမှာ ထိုင်းကုန်ကားများစွာ ရပ်တန့်တန်းစီနေရပြီး ဧပြီ ၁၂ ရက် မနက်မှာတော့ ကုန်ပို့ဖို့ အရေးကြီးတဲ့ ရှေ့ဆုံးက ကားတချို့ကို ဂိတ် ၁ နာရီလောက်ဖွင့် မောင်းဝင်ခွင့်ပေးပြီး ပြန်ပိတ်လိုက်ကြောင်း သိရပါတယ်။ အမှတ် (၁) တံတားကတော့ ပုံမှန်အတိုင်း ဆက်ဖွင့်ထားပြီး နှစ်ဖက် ကူးသန်းသွားလာမှုတွေ ဆက်ရှိနေပါတယ်။

Ref:The Reporters
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီညွှန်ကြား

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ - ၁၄၁ တပ်စခန်းကို ဒီနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now