ဒေသတွင်းသတင်း

လားရှိုးမှာ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီညွှန်ကြား

မဲခေါင် 30 Apr - 2024
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၃၀

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

စစ်အုပ်ချုပ်ရေးသတ်မှတ်ထားတဲ့ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက် နေ့ ညနေ ၅ နာရီကျော်က လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေ စာရင်းပေးရန်နဲ့ ရပ်ကွက်ထောက်ခံစာယူရန်၊ ဖောင်းကြွနံပါတ်ပြား တပ်ရန်ကို ကားနဲ့လှည့်လည်ပြောကြားခဲ့ပြီ ဧပြီ ၂၇ ရက်မနက် ၆ နာရီကစကာ ယနေ့အထိစစ်ဆေးနေတာလို့ သိရပါတယ်။

“သူတို့ပြောတာတော့ ဗုံးခွဲ၊ လုယက်၊ ပြန်ပေးဆွဲတာတွေကို ကားတွေ ဆိုင်ကယ်တွေနဲ့ ကျုးလွန်တာဖြစ်လို့ အမှုတွေကို အမြန်ပေါ်အောင် ထိန်းချုပ်နိုင်အောင် လုပ်တာလို့ သိရတယ်၊ ဒါပေမယ့် ဖောင်းကြွနံပါတ်ပြားဆိုတာက လိုင်စင်ကားတွေမှ ကညနကပေးတာလေ၊ ဝစ်သောက်က ဘယ်လိုလုပ် ဖောင်းကြွ နံပါတ်ပြားရမလဲ၊ အပြင်ဆိုင်ကပဲ လုပ်ရတော့တာပေါ” လို့ လားရှိုး ရပ်ကွက် ၁၂ နေသူ တစ်ဦး က မဲခေါင်ကို ပြောပါတယ်။

ပြင်ပလုပ် ဖောင်းကြွနံပါတ်ပြား မှာ ကညန ထုတ်အတိုင်း အတုပြုလုပ်တာဖြစ်ပြီး ယခင်က နံပါတ်ပြား ၂ ခု တစ်စုံကို ကျပ် ၅ သောင်းခန့်သာရှိရာက ယင်းအမိန့်ကြောင့် ကညနတံဆိပ် ဖောင်းသီး တစ်စုံပါ လိုင်စင်ပြား ၂ ချပ်ကို ကျပ် ၆သောင်းခွဲအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

ဆိုင်ကယ် နံပါတ်ပြားက ကျပ် ၅ သောင်းရှိနေကာ လားရှိုးမြို့ပေါ်တွင် လိုင်စင်မဲ့ ကား ထောင်ကျော်နဲ့ ဆိုင်ကယ် ၂ ထောင်ကျော် ခန့် အနည်းဆုံးရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရပ်ကွက်ထောက်ခံချက်ကို ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာတင်ပြီး မောင်းနှင်ရကာ စစ်ဆေးပါက ယင်းစာရွက်နဲ့ ဖောင်းကြွနံပါတ်ပြားတွေကိုသာ ရှေ့နောက် စစ်ဆေးကြောင်း သိရပါတယ်။

“ ဒီရက်ပိုင်းတွေက စစ်ဆေးမှုတွေအရမ်းလုပ်နေတယ် ကားတွေသိမ်းထားတာလည်း မနည်းဘူး တစ်ချို့က ကဒ်ပြန်လုပ်ပြီးမှ ကားပြန်လားထုတ်တာ ပိုက်ဆံရှိတဲ့သူတွေကိုတော့ ပိုက်ဆံနဲ့ထုတ်ကြတယ် ယာဥ်ထိန်းရဲတွေလည်း ကြုံရင်ကြုံသလို မြို့ထဲမှာ စစ်ဆေးနေကြတယ်”လို့ လားရှိုးမြို့ခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ မြို့ထဲကိုဝင်လာမှာ စိုရိမ်းတာကြောင့် ကားနံပါတ်ပြားတွေကို လုပ်ဆောင်ခိုင်းတာဖြစ်ပြီး တခြားမြို့နယ်က လာတဲ့သူတွေကိုတော့ မြို့နယ်ရပ်ကွက်ထောက်ခံစာပါရမယ်လို့ သူကဆိုပါတယ်။

ကားနံပါတ်ပြားကို မိမိနေထိုင်တဲ့ ရပ်ကွက်မှာ အိမ်နံပါတ်၊ နယ်မြေနံပါတ်နဲ့ ဌာနဆိုင်ရာတွေလည်း မိမိဌာနဆိုင်ရာနာမည် တံဆိပ်တုံတွေနဲ့ ဝန်ထမ်းတွေကို ထုတ်ပေးခဲ့ပါတယ်။

ယင်း ယာဉ်ထောက်ခံချက် ရဖို့အတွက် မိမိကားရဲ့ ဖောင်းကြွလိုင်စင်ပြားတပ်ပြီး ရှေ့၊ နောက်ပုံတွေနဲ့ မှတ်ပုံတင်၊ နေရပ်လိပ်စာများကိုပေးရကာ အချို့ရပ်ကွက်ရုံးတွေမှာ ယာဉ်ထောက်ခံချက် လက်မှတ်ကို ကျပ် ငွေ ၅ ထောင်နဲ့ ပေးယူရကြောင်း သိရပါတယ်။

စာရင်းမပေးထားတဲ့ယာဉ်တွေကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် ယာဉ်ကို သိမ်းယူမယ့်အပြင် ယာဉ်မောင်းကိုပါ အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

ဆိုင်ကယ်တွေကိုတော့ ထောက်ခံချက် မထုတ်ပေးဘဲ ရပ်ကွက်ရုံးက ထွေအုပ်ရုံးကို စာရင်းပြုစုပေးပို့ ထားတယ်လို့ သိရပါတယ်။

လားရှိုးမြို့ပေါ်မှာ လုပ်ငန်းရှင်နဲ့ ဆိုင်တွေကို စာပို့ပြီး ခြိမ်းခြောက်ငွေတောင်းခံတာ၊ ဗုံးခွဲတာ၊ သေနတ်နဲ့လာရောက်ပစ်သတ်တာ တွေရှိနေရာမှာ ကျူးလွန်သူတွေက ကားတွေ ဆိုင်ကယ်တွေကို အသုံးပြုပြီး ကျူးလွန်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

MK-012၊ 011

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now