အာစီယံဒေသတွင်း

ဂျာကာတာမှာ စစ်ကောင်စီကြားခံကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးအင်အားစုတချို့ တွေ့ဆုံမှု အပြုသဘောဆောင်တယ်လို့ အင်ဒိုနီးရှား ထုတ်ပြန်

မဲခေါင် 25 Nov - 2023
ဒီအစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ဂျာကာတာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိ အာဆီယံအလှည်ကျဥက္ကဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန်အန်ဂူရက်ချ်ဆွာဂျာ ရာက ထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၅

စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေရောက်လာတဲ့ မြန်မာနိုင်ငံရေးပဋိပက္ခမှာ ငြိမ်းချမ်းရေးစကားဝိုင်းဖြေရှင်းနိုင်ရေး NUG နဲ့ ဒီမိုကရေစီထောက်ခံအင်အားစုကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAOs ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီအတွက် ကြားဝင်ညှိနှိုင်းပေးတဲ့ ကိုယ် စားလှယ်တွေနဲ့ ဂျာကာတာမှာ တွေ့ဆုံဆွေးနွေးခဲ့တာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု လုပ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

ဒီအစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ဂျာကာတာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိ အာဆီယံအလှည်ကျဥက္ကဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန်အန်ဂူရက်ချ်ဆွာဂျာ ရာက ထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ဘယ်သူတွေ ပါဝင်ခဲ့ပြီး ဘယ်လို ဆွေးနွေးမှုတွေက အကောင်းမြင်စရာဆိုတာကို ထည့်သွင်းဖော်ပြခြင်းမရှိခဲ့ပေမယ့် ဆွာဂျာရာက “အင်ဒိုနီးရှားဟာ မြန်မာပြည်သူ တွေကို ဆက်လက်ကူညီဖို့ ကတိပြုပါတယ်။ မြန်မာနိုင်ငံအတွက် တာရှည်ခံငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ပြီးပြည့်စုံတဲ့ နိုင်ငံရေးအဖြေကို ရှာဖွေနိုင်ဖို့ အားစိုက်ကြိုးပမ်းခဲ့တာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီတွေ့ဆုံဆွေးနွေးမှုက သဘောထားကွဲလွဲနေတဲ့ သက်ဆိုင်သူပါတီ အားလုံးပါဝင်တဲ့ စားပွဲဝိုင်းထိုင် အဖြေရှာခြင်းလမ်းစဉ်အတွက် အဓိက ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျော့ကျစေဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဒုက္ခရောက်ပြည်သူတွေထံ ရောက်ရှိရေးအတွက် ဖြစ်ကြောင်း၊ ပဏာမ ဆွေးနွေးမှုအဆင့်ဖြစ်ပေမယ့် အပြုသဘောဆောင်တဲ့ ရလဒ်ကို ရရှိခဲ့တယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်သွားတာဖြစ်ပါတယ်။

Photo- AFP

Ref: straitstimes
MKF-001

#MeKongNews

#စစ်ကောင်စီ

#တော်လှန်ရေး

#ဂျာကာတာ

#အင်ဒို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now