ဒေသတွင်းသတင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရေးမလုပ်တော့ဘူးလို့ ကရင်နီပြည် အစိုးရဆို

မဲခေါင် 13 Jun - 2023
မဲခေါင်၊ ဇွန် ၁၃ စစ်အာဏာရှင်တွေရဲ့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေကို ထည့်သွင်းအရေးလုပ် စဉ်းစားခြင်း မပြုဘဲ ကြားကာလ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ-IEC အထွေထွေ အတွင်းရေးမှူး ခူပလုရယ်က မဲခေါင်သတင်းဌာနကို မနေ့က ဇွန်လ ၁၂ ရက်မှာ ပြောပါတယ်။

မဲခေါင်၊ ဇွန် ၁၃

စစ်အာဏာရှင်တွေရဲ့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေကို ထည့်သွင်းအရေးလုပ် စဉ်းစားခြင်း မပြုဘဲ ကြားကာလ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ-IEC အထွေထွေ အတွင်းရေးမှူး ခူပလုရယ်က မဲခေါင်သတင်းဌာနကို မနေ့က ဇွန်လ ၁၂ ရက်မှာ ပြောပါတယ်။

ကရင်နီပြည် ကြားကာလ ကောင်စီရဲ့ နိုင်ငံရေး ဦးတည်ချက် ၄ ခုရှိပြီး ဒီထဲမှာ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတဲ့ကြားက စစ်တပ်က တစ်ဖက်သတ် ရေးဆွဲ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံး ဝဖျက်သိမ်းရေးဆိုတဲ့ အချက်လည်း ပါဝင်တယ်လို့ ခူပလုရယ်က ပြောပါတယ်။

“ကျွန်တော်တို့ ကြားကာလ အုပ်ချုပ်ရေးကောင်စီမှာ နိုင်ငံရေး ဦးတည်ချက် ၄ ချက်ရှိတယ်ပေါ့နော်။ ပထမ တစ်ခုက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံး၀ ဖျက်သိမ်းရေး၊ အခြေခံ ပြည်နယ် ဥပဒေသစ် တစ်ခုကို ရေးဆွဲနိုင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုမှာ ပါဝင်ရေးဆိုတဲ့ ၄ ချက် ရှိပါတယ်။ ဒါ့ကြောင့်မို့ ဒီ ၄ ခုကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ဖျက်သိမ်းရေးဆိုတဲ့ဟာကို ကျွန်တော်တို့ ကနဦးကတည်းက ကြားကာလ အစည်းအ‌ဝေးတွေမှာလည်း အတိအလင်းပြောထားပြီးဖြစ်လို့ IEC အနေနဲ့ ဒီ ၂၀၀၈ အခြေခံဥပဒေကို လုံး၀ စဉ်းစားခြင်းကို မရှိတော့တာ၊ ထွက်လိုက်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ သူကပြောပါတယ်။

ကရင်နီပြည်နယ်ဟာ ကိုလိုနီခေတ် မတိုင်မီနဲ့ ကိုလိုနီခေတ်နှောင်းပိုင်း မြန်မာနိုင်ငံ လွပ်လပ်ရေးယူတဲ့ ကာလ အထိ လွတ်လပ်တဲ့ အချုပ်အချာအာဏာပိုင် နိုင်ငံတစ်ခုအထိ ရှိခဲ့ပေမဲ့ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ် စတင်လာတဲ့ အချိန်မှာ စစ်အတွင်း သွတ်သွင်းခံရပြီး ၁၉၅၂ ခုနှစ်မှာ ကရင်နီပြည်ကနေ ကယားပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဆို ခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရက ၁၉၅၉ ခုနှစ်၊ မတ်လ ၉ ရက်မှာ နယ်ရှင်တို့ရဲ့ နယ်အုပ်ချုပ်ရေး အာဏာစွန့်လွှတ်ရေး အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး ဖိအားပေးခဲ့တာကြောင့် ဧပြီလ ၁၉ ရက်မှာ အာဏာစွန့်ခဲ့ရပြီး နောက်ပိုင်း ကရင်နီပြည် ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ဖို့ တိုက်ပွဲဝင် တောင်းဆိုခဲ့ကြတာ လက်ရှိအချိန်ထိ ဖြစ်တယ်လို့ IEC က ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အစိုးရ အဖွဲ့ဟာ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်ဖို့ ရည်ရွယ်ချက် မရှိသေးဘဲ ဖက်ဒရယ်ပြည်နယ် အစိတ်အပိုင်း တစ်ခုအဖြစ်သာ ရည်ရွယ်တယ်လို့ IEC အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။

“ကျွန်တော်တို့ ဒီမနက် သမိုင်းမိတ်ဆက်မှာလည်း ဖော်ပြထားတယ်ပေါ့နော်။ ကျွန်တော်တို့က ဖက်ဒရယ် ပြည်ထောင်စု အစိတ်အပိုင်း ပြည်နယ်တစ်ခုအနေနဲ့ ပါဝင်ပြီးတော့မှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားဖို့ဆိုပြီး နဂိုကတည်းကမှ လုပ်ထားတာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီအနေအထားမျိုးနဲ့ ပါဝင်သွားပြီးတော့မှ ဒီနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တိုးတက်အောင်လုပ်ဖို့ ဆိုတဲ့ အခင်းအကျင်းမျိုးနဲ့ သွားဖို့ ဖြစ်ပါတယ်လို့ပဲ ဖြေချင်ပါတယ်” လို့ သူကဆိုပါတယ်။

ကရင်နီပြည် အုပ်ချုပ်ရေး ကောင်စီကို စုပေါင်း ခေါင်းဆောင်မှုတွေနဲ့ ကြားကာလ အုပ်ချုပ်ရေး အတွက် ဥပဒေပြု‌ရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကိစ္စရပ်တွေကို အပြန်အလှန် နားလည်မှုတွေနဲ့ ဆောင်ရွက်ပြီး နယ်မြေ တည်ငြိမ်အေးချမ်းအောင်‌ ဆောင်ရွက်သွားကြဖို့ နဲ့ ပြည်နယ်အတွင်းရှိ အင်အား အသီးသီးနဲ့ လက်တွေ့ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC အနေနဲ့ ကောင်စီအဖွဲ့ဝင် ၆ ဦးနဲ့ ဖွဲ့စည်းထားပြီး ပြည်နယ်ရေးရာဌာန ၁၂ ခု ထားရှိကာ ပြည်နယ်အတွင်းနဲ့ ပြည်ထောင်စုအတွင်း နိုင်ငံရေးစနစ်သစ်မှာ ကရင်နီ အစိုးရ ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် ကောင်စီကို ရုတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်ဟာ ပြည်နယ် ၇ ခုထဲမှာ အသေးဆုံးဖြစ်ပေမဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ နောက်ဆုံးခံတပ် နေပြည်တော်နဲ့ အနီးကပ်ဆုံး ပြည်နယ်ဖြစ်တာကြောင့် စစ်ကောင်စီက အင်အားကောင်းလာတဲ့ ကရင်နီ တော်လှန်ရေးကို အင်အား ထောင်ဂဏန်းသုံးကာ စစ်ကြောင်းထိုး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

MK-007

#MeKongNews

#ကရင်နီ

#၂၀၀၈

#IEC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now