မဲခေါင်၊ ဖေဖော်ဝါရီ ၂၉
ရန်ကုန်မြို့လယ်ခေါင်နဲ့ လူစည်ကားရာနေရာတွေမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ “ ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါအင်္ကျီများဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ဒီနေ့ ဖေဖော်ဝါရီ ၂၉ မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြန်ပေးဆွဲမှုများ၊ လူသားဒိုင်းအဖြစ်အသုံးချရန် အဓမ္မစစ်တပ်အတွင်းသို့ သွတ်သွင်းမှုများကြောင့် လွတ်မြောက်ဒေသနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုတွေနဲ့ ရန်ကုန်တွင် အမြန်ပြန်ဆုံမယ့် ရည်ရွယ်ချက်နဲ့ ရေဘဝဲ အဖွဲ့အစည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်လှုပ်ရှားမှု အဖြစ်ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။