မြန်မာ့နွေဦး

“မိုးဗြဲအတွက် ပွိုင့်ဖိုက်တစ်လက်” ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ KNDF ဗျူဟာ (၁) မေတ္တာရပ်ခံ

မဲခေါင် 4 Oct - 2023
မိုးဗြဲ PDF အတွက် ပွိုင့်ဖိုက် သေနတ် တစ်လက် ဝယ်ယူဖြည့်တင်းဖို့ ပြုလုပ်နေတဲ့ “မိုးဗြဲအတွက် ပွိုင့်ဖိုက် တစ်လက်” ကမ်းပိန်းမှာ ပါဝင်ကူညီပေးကြဖို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်-KNDF ဗျူဟာ (၁) ရဲ့ ဗျူဟာမှူး ဟန်းကော က မေတ္တာရပ်ခံ တိုက်တွန်း လိုက်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၄

မိုးဗြဲ PDF အတွက် ပွိုင့်ဖိုက် သေနတ် တစ်လက် ဝယ်ယူဖြည့်တင်းဖို့ ပြုလုပ်နေတဲ့ “မိုးဗြဲအတွက် ပွိုင့်ဖိုက် တစ်လက်” ကမ်းပိန်းမှာ ပါဝင်ကူညီပေးကြဖို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်-KNDF ဗျူဟာ (၁) ရဲ့ ဗျူဟာမှူး ဟန်းကော က မေတ္တာရပ်ခံ တိုက်တွန်း လိုက်ပါတယ်။

လက်ရှိ ရှမ်းတောင် အခြေစိုက် မိုးဗြဲ PDF တပ်ရင်း (၁) နဲ့ တပ်ရင်း (၂) ပူးပေါင်းပြီး ပွိုင့်ဖိုက် တစ်လက် ရရှိဖို့ ပြုလုပ်နေတဲ့ ကမ်ပိန်းဟာ အလှူငွေ ရရှိမှု နည်းပါးနေလို့ ဝိုင်းဝန်း ကူညီဖို့ သူကပြောပါတယ်။

“ကျွန်တော်တို့ “မိုးဗြဲ အတွက် ပွိုင့်ဖိုက် တစ်လက်” ဆိုတဲ့ ကမ်ပိန်းမှာ မိုးဗြဲ ဆိုတာ ရဲစခန်းသိမ်း တိုက်ပွဲကနေ ပြီးတော့ မြန်မာပြည်မှာ ပထမဆုံး စစ်ကောင်စီကို ရဲရဲဝံ့ဝံ့ တော်လှန်တဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။ ဒီမြို့ငယ်လေးဟာ အခုတိုက်ပွဲတွေ စဉ်ဆက်မပြတ် ဖော်ဆောင်နေတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။ ဒီမြို့ငယ်ကို ကျွန်တော်တို့ တခါပြန်ပြီးတော့ အားပေးအားမြှောက်ပြုရင်းနဲ့ ဒီပွိုင့်ဖိုက် ကမ်ပိန်းကို အားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်း တောင်းဆိုပါတယ်” လို့ ဗျူဟာမှူးဟန်းကော ကပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီကို PDF၊ KNDF နဲ့ တခြား အဖွဲ့တွေက ခွဲခြားမှု မရှိဘဲ နည်းလမ်းပေါင်းစုံနဲ့ စည်းစည်းလုံးလုံး ခုခံ တော်လှန်နေတယ် ဆိုတာ ပြည်သူတွေ သိတယ်လို့ သူကပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေး ပြီးဆုံးတဲ့အထိ သွားနိုင်အောင် ဒီလိုသော ကမ်ပိန်းတွေ တစ်ခုပြီး တစ်ခု တောင်းဆိုတဲ့ ဟာတွေကိုတော့ လူထုအနေနဲ့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပြီးတော့ ပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ ဒီ ၂ နှစ်ကျော်သော လှုပ်ရှားမှုမှာ PDF တွေနဲ့အတူ ကျွန်တော်တို့ အမြဲတမ်း ချိတ်ဆက် ဆောင်ရွက်မှုတွေ စစ်ရေးအရဖြစ်စေ နိုင်ငံရေးအရ ဖြစ်စေ ကျွန်တော်တို့ အမြဲတမ်း လက်တွဲ ဆောင်ရွက်နေပါတယ်” လို့ သူကပြောပါတယ်။

“မိုးဗြဲအတွက် ပွိုင့်ဖိုက် တစ်လက်” ကမ်ပိန်းကနေ ကျပ်သိန်း ၅ ထောင် ရရှိဖို့ ရည်မှန်းထားပေမယ့် ၂၇ ရက် ကာလအတွင်း ၁၀ ရာခိုင်နှုန်း နီးပါးသာ ရရှိသေးတဲ့အတွက် ဝိုင်းဝန်း ကူညီပေးကြဖို့ ကမ်ပိန်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

ဒီကမ်ပိန်းကို အောက်တိုဘာလ ၂၀ ရက်နေ့ အထိ ပြုလုပ်မှာဖြစ်ပြီး ကူညီလှူဒါန်းလိုသူတွေ အနေနဲ့ “မိုးဗြဲအတွက် ပွိုင့်ဖိုက်တစ်လက်” ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာကို ဆက်သွယ် ကူညီ လှူဒါန်းနိုင်ပါတယ်။

KNDF နဲ့ မိုးဗြဲ PDF ဟာ ပင်လောင်း၊ ဖယ်ခုံ ကနေ တစ်ဆင့် ကရင်နီပြည်ထဲ ဝင်ရောက်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေကို မြေပြင်မှာ လက်တွဲ တွန်းလှန် တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#မိုးဗြဲအတွက်_ပွိုင့်ဖိုက်တစ်လက်

#KNDF

#ဗျူဟာမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီညွှန်ကြား

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ - ၁၄၁ တပ်စခန်းကို ဒီနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းပြီး ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်နဲ့ပူးပေါင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now