ဒေသတွင်းသတင်း

တရုတ်နယ်စပ်ဘက်က မြန်မာလုပ်သားတွေ နေ့တိုင်း‌ပြန်ပို့ခံနေရပြီး တရုတ်ဘက် ဝင်မယ့်သူတွေလည်း အနည်းဆုံး တရုတ်ငွေ ၅၀၀ ပြရ

မဲခေါင် 8 Apr - 2024
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မှာ လတ်တလော တရုတ်နယ်စပ်ဘက်က မြန်မာ လုပ်သားတွေ နေ့တိုင်း‌ မြန်မာဘက်ပြန်ပို့ခံရပြီး တရုတ်ဘက် ဝင်မယ့်သူတွေလည်း အနည်းဆုံး တရုတ်ငွေ ၅၀၀ ပြရကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၈

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မှာ လတ်တလော တရုတ်နယ်စပ်ဘက်က မြန်မာ လုပ်သားတွေ နေ့တိုင်း‌ မြန်မာဘက်ပြန်ပို့ခံရပြီး တရုတ်ဘက် ဝင်မယ့်သူတွေလည်း အနည်းဆုံး တရုတ်ငွေ ၅၀၀ ပြရကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

“ တခါသုံး တပတ်ကဒ်ရော၊ စာအုပ်အနီရော သက်တမ်း ကုန်နေတဲ့ လူတွေကို ဖမ်းပို့နေတာ နေတိုင်းပဲ။ အလုပ်မရှိရင်လည်း မရဘူး။ ခုက အလုပ်ရှာပေးတဲ့ ကုံးတေမှာပါ လိုက်ဖမ်းဝာ။ ဟိုတယ်တွေ မှာကောပဲ။ အလုပ်မရ‌‌သေးလို့ ပုန်းနေရသူတွေလည်းများတယ်” လို့ နယ်စပ်ဒေသခံ တစ်ဦးကပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ ရှိသူတွေကိုသာ တရုတ်နယ်စပ်ထဲမှာ တရားဝင်အလုပ်လုပ်ခွင့် ပြုပြီး ယာယီ နယ်စပ်‌ဖြတ်ကျော်ခွင့် တခါသုံး ကဒ်က ၇ ရက်သာ သက်တမ်းရှိပြီး တရားဝင် အလုပ်လုပ်ခွင့်မရှိကြပါဘူး။

မြန်မာလုပ်သားတွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကြောင့် အလုပ်ရှားပါးပြီး တရုတ်နယ်စပ်ဘက်မှာ တခါသုံးကဒ်နဲ့ ဝင်ရောက်ကာ အလုပ်လုပ်ကြသလို ဝင်ပြီးရင်ပြန်မထွက်ကြတော့ဘူးလို့ ဆိုပါတယ်။

“ ဒီရွှေလီမှာ တရားဝင် သိရသလောက် မြန်မာလုပ်သား ၅ သိန်းထက် မနည်း ရှိလာတယ်။ ရွှေလီမှာ လူအဲ့လောက်အတွက် အလုပ်မပေးနိုင်ဘူးလေ။ အလုပ်မရတော့ မြန်မာနိုင်ငံသားတွေက ဟိုတယ်၊ တည်းခိုခန်းနဲ့ အိမ်ခန်းတွေ မငှားနိုင်ဘူး။ အဲဒီခါကျဝော့ လမ်းဘေးအိပ်ကြတာ” လို့ ရွှေလီရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ မညီသလို မြို့ပြအင်္ဂါရပ်‌တွေနဲ့လည်း မညီဘဲ သရုပ်ပျက်တာကြောင့် ဖမ်းဆီးလာတာလို့ ဆိုပါတယ်။

“ တရုတ်ဘက် ဝင်ရင် တရုတ်ပိုက်ဆံအနည်းဆုံး ယွမ် ၅၀၀ မပါရင် မဝင်ချင်ဘူးဆိုတာ ဟုတ်တယ်။ တချို့က ပိုက်ဆံလည်း မပါလာဘူးဆိုတော့ ထမင်းလည်း မစားရ အဲလို ဒုက္ခရောက်လို့လေ။ အလုပ်ကလည်း မရှိဆိုတော့” လို့ ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်‌မှာ ကိုဗစ်ရောဂါကာလ ကတည်းက နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က နားလည်မှုနဲ့ ဧည့်စာရင်း QR Code လုပ်ပေးပြီး အလုပ်လုပ်ခွင့် ပေးထားပေမယ့် လက်ရှိမှာတော့ လာမယ့် မေလကုန် နောက်ဆုံးထားပြီး ‌နေထိုင်ခွင့် သက်တမ်းကုန်လွန်နေတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပြီး စာရွက်စာတမ်း အသစ်လုပ်ပြီး ပြန်ဝင်လာဖို့ သတိပေးထားပါတယ်။

နေထိုင်ခွင့် သက်တမ်းလွန်တာဖြစ်ဖြစ်၊ အထောက်အထား အစုံအလင် မရှိတာဖြစ်ဖြစ် တရုတ်ဘက်က ဖမ်းဆီး မိပါက စစ်ဆေးပြီး မြန်မာဘက် ပြန်ပို့မယ့်အပြင် ပြစ်မှုပေါ်မူတည်ကာ တစ်နှစ် ကနေ ၅ နှစ် အထိ တရုတ်ပြည်ဝင်ခွင့် ပိတ်သွားမယ်လို့ ဆိုပါတယ်။

တရုတ် ဘက်ရော မြန်မာဘက်ရော လက်ရှိ နှစ်နိုင်ငံ နယ်စပ် ဥပဒေအရ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေတဲ့ ခရိုင်အတွင်းထဲက အိမ်ထောင်စု ကိုင်ဆောင်ထားသူတွေကိုသာ တရားဝင် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် ထုတ်ပေးတာဖြစ်ပါတယ်။

Video Crd# CJ
CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now