မဲခေါင် ၊ ဒီဇင်ဘာ ၂၁
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း ၃၅ နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ပြီး အာဏာရှင်စနစ်အမြစ်ပြုတ်ရေး အတူတကွ လက်တွဲဆောင်ရွက်လိုတယ်လို့ ပြောပါတယ်။
ယနေ့အချိန်ဟာ စစ်အာဏာရှင်စနစ်ကြောင့် မြန်မာတနိုင်ငံလုံး နှလုံးစိတ်ဝမ်း မအေးချမ်းတဲ့ ကာလဖြစ်ပြီး တနိုင်ငံလုံးကို ဘေးဒုက္ခဖြစ်စေတဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် တောင်ပေါ်မြေပြန့် နိုင်ငံသားများအားလုံး ညီညွတ်စွာနဲ့ ခုခံတိုက်ပွဲဝင်နေတဲ့ ကာလလည်းဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်များကို လေးစားအသိမှတ်ပြုပါကြောင်းနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် လက်တွဲညီညီဆောက်ရွက်လိုတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း ၃၅ နှစ်ပြည့်ကို ဒီဇင်ဘာ ၂၀ ရက်နေ့က ပါတီဗဟိုဌာနချုပ်ရှိရာ ပန်ခမ်းမြို့မှာ စည်းကားသိုက်မြိုက်စွာကျင်းပခဲ့တယ်လို့ UWSP က သတင်းထုတ်ပြန်ထားပါတယ်။
၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဝ ခေါင်းဆောင် ကျော်ညီလိုင် နဲ့ ပေါက်ယိုချန်း တို့ဦးဆောင်ပြီး ဗမာြပည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ကို တည်ထောင်ခဲ့တာြဖစ်ပါတယ်။
CJ- 002
#MeKongNews
#ဝ
#UWSP
#NUG
#သဝဏ်လွှာပို့