ဒေသတွင်းသတင်း

အင်းလေး PDF အခြေခံစစ်သင်တန်းဆင်းပြီး သင်တန်းသစ် စတင်

မဲခေါင် 23 Jan - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသအခြေပြု 1009(IPRD) တပ်ရင်းအတွက် အခြေခံတပ်သားသစ်သင်တန်းဆင်းပွဲနဲ့ သင်တန်းအသစ်တင်တာကို ပြုလုပ်နေကြောင်း ယင်းတပ်ရင်းတာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသအခြေပြု 1009(IPRD) တပ်ရင်းအတွက် အခြေခံတပ်သားသစ်သင်တန်းဆင်းပွဲနဲ့ သင်တန်းအသစ်တင်တာကို ပြုလုပ်နေကြောင်း ယင်းတပ်ရင်းတာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။

“အားလုံးကတော့ ကိုယ့်ရဲ့နယ်မြေ ကိုယ့်ရဲ့အိမ်၊ ကိုယ့်ရဲ့အလုပ်တွေ စွန့်ခွာပြီးတော့မှ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ အတွက် ရောက်လာကြတဲ့ လူငယ်တွေပဲဖြစ်ပါတယ်” လို့ လက်ရှိ အမှတ် ၁၀၀၉ တပ်ရင်းရဲ့ ရုံးတာဝန်ခံတစ်ဦးဖြစ်သူ KiKi ကပြောပါတယ်။

သင်တန်းဆင်းသွားတဲ့ အမှတ်စဉ် ၆ မှာ အမျိုးသား ၂၀ အမျိုးသမီး ၁၀ အားလုံး အင်အား ၃၀ ဖြစ်ပြီး သင်တန်းကာလက ၄၅ ရက်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ သင်တန်းအမှတ်စဉ် ၇ မှာတော့ အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၅ ဦး ပေါင်း ၃၀ ဦးဖြစ်ပြီး သင်တန်းတက်နေသူတွေရဲ့အသက်တွေက ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း ဖြစ်ပြီး ဇန်နဝါရီ ၂၀ က သင်တန်းစတင်နေတယ်လို့သူကပြောပါတယ်။

သူတို့ အဓိက လိုအပ်ချက်ကတော့ စစ်ပွဲအတွက် လက်နက်ခဲယမ်းနဲ့ ရဲဘော်တွေရဲ့ အသုံးအဆောင်၊စရိတ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

ရဲဘော်တစ်ယောက်အတွက် ရှေ့တန်းတစ်ခါထွက်ရင် အနည်းဆုံး သိန်းရာချီရှိမှ ရတယ်လို့လဲ ပြောပါတယ်။ တပ်ရင်းအနေနဲ့ အောင်နိုင်မှုတွေရှိခဲ့သလိုပေးဆပ်မှုတွေလည်း အများကြီးရှိခဲ့တယ်လို့ လည်း ပြောပါတယ်။

ယင်း တပ်ရင်းရဲ့ တပ်ရင်းမှူး အင်းဆားကူးက တော့ “ကျွန်တော်တို့တပ်ရင်းတပ်ဖွဲ့မှာကတော့ ဒီ အဖက်ဖက်ပေါ့ ကျန်းမာရေး၊CDMတွေပါတယ်၊ ၊ကျောင်းသား၊ ကျောင်းသူ CDM ကျောင်း ဆရာ၊ ဆရာမတွေပါတယ်၊ နိုင်ရာတာဝန်ယူကြတယ်၊ ရုံးပိုင်း၊ ဆေးပိုင်း၊ ထောက်ပို့ပိုင်းနဲ့ တချို့ကတော့ တိုက်ခိုက်ရေးပိုင်းမှာသွားကြတယ်၊ တစ်ဖက်မှာလည်း ဒရုန်းအသင်းအနေနဲ့တိုက်ခိုက်ရေးနည်းပညာကိုလည်းပါဝင်တာတွေရှိတယ်၊ ဒီတပ်ရင်းမှာတော့ လူငယ်လူရွယ်တွေများတယ်၊ တပ်ရင်းကိုဦးဆောင်ပြီးသွားနေတဲ့အချိန်မှာ အခက်အခဲတော့ အများကြီးရှိတယ်၊ သို့သော်ငြားလည်း ဒီတော်လှန်ရေးမှာ တစိတ်တဒေသပါဝင်တယ်ဆိုတဲ့ အထာနဲ့ ကြိုးစားတဲ့အတွက် ဒီနေ့ဒီအချိန်မှာအင်အား ၁၀၀ကျော်နဲ့ မြေပြင်မှာ ဒေသခံတပ်ဖွဲ့ညီနောင်တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တော့ တိုက်ပွဲဝင်နေပါတယ်”လို့ ပြောပါတယ်။

ယင်းတပ်ရင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးနိုင်ဖို့ အင်းလေးတော်လှန်တိုက်တေး မြူးဇစ်ဗီဒီယို ရောင်းချမှုကို ပြုလုပ်နေပြီး အစောင် ၄၀၀၀ အနက် ၂၈၀၀ ပဲရောင်းရသေးကာ စောင်ရေ ၁၂၀၀ ကျန်သေးတာဖြစ်လို့ တစ်စောင် ၅၀၀၀ နှုန်းနဲ့ ဝယ်ယူအားပေးကြဖို့ယင်းတပ်ရင်းကရဲဘော် နိုင်းနိုင်းက ထပ်မံ၍ ပြောကြားခဲ့ပါတယ်။

အင်းလေးတွင် ရေပေါ်၊ မြေပေါ်၊ ရေတစ်ဝက်ကုန်းတစ်ဝက် ရွာပေါင်း ၄၄၅ ရွာကို ကိုယ်စားပြုပြီး စစ်အာဏာရှင်ဖြုတ်ချရေးနွေဦးတော်လှန်ရေးတွင်ပါဝင်တဲ့ တစ်ခုတည်းသော အင်းလေးဒေသကိုယ်စားပြု တော်လှန်ရေးတပ်အဖြစ် 1009(IPRD) ဟာ လက်ရှိ ကရင်နီဖက်မှာ တိုက်ပွဲဝင်နေသလို စစ်ဘေးရှောင်တွေကို ဘေးလွတ်ရာ ကယ်ပို့နေကြောင်း သိရှိရပါတယ်။

MK – 012

#MeKongNews

#အင်းလေး

#သင်တန်း

#တပ်သား

#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now