ဒေသတွင်းသတင်း

အင်းလေးဟဲယာရွာမ ပညာရေးစုံညီပွဲမှာ လောင်းကစားဝိုင်းထည့်သွင်း ပြုလုပ်နေ

မဲခေါင် 22 Jan - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဟဲယာရွာမ မူလတန်းကျောင်းမှာ ပြုလုပ်တဲ့ ပညာရေးစုံညီပွဲမှာ ရှမ်းပြည်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်တဲ့ ဦးအောင်ကြည်ဝင်းရဲ့တူတော်စပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး က လောင်းကစားဝိုင်းတွေ ထည့်သွင်းပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဟဲယာရွာမ မူလတန်းကျောင်းမှာ ပြုလုပ်တဲ့ ပညာရေးစုံညီပွဲမှာ ရှမ်းပြည်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်တဲ့ ဦးအောင်ကြည်ဝင်းရဲ့တူတော်စပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး က လောင်းကစားဝိုင်းတွေ ထည့်သွင်းပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပညာရေးစုံညီပွဲတော်မှာ လောင်းကစားဝိုင်းတွေ ထည့်သွင်းခဲ့တာဟာ ကလေးတွေရဲ့ စာရိတ္တကို ထိခိုက်စေတယ်လို့ ဒေသခံတွေက ဝေဖန်ထောက်ပြကြပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး လူထုအတွက်တရားမျှတမှု ဆောင်ရွက်ရေးအဖွဲ့ (Justice Movement for Community-Innlay) က ဒါရိုက်တာ ယုလှိုင်သင်းက “တကယ်က ကျောင်းသားစုံညီပွဲတော်နဲ့ လောင်းကစားနဲ့ဘာဆိုင်သလဲ၊ ကလေးတွေ စာရိတ္တပိုင်းအတုယူမှားနိင်တယ်၊စစ်တပ်က အာဏာသိမ်းပြီးကတဲက အင်းလေးဒေသမှာ လောင်းကစားဝိုင်းနဲ့မူးယစ်ဆေးဝါး ပိုပြီးကျယ်ပြန့်လာတယ်၊ အမိန့်အရလုပ်နေရသလိုပဲ၊ အခုလဲ သတင်ပေးတဲ့သူတွေ ဘယ်သူလဲဆိုတာ ရွာမှာစုံစမ်းမှုတွေလုပ်နေတာရွာလူထုက အရမ်းကြောက်နေကြတယ်” လို့ ပြောပါတယ်။

အဲဒီရွာမ အုပ်ကြီးရဲ့အမျိုးသမီးဟာ လက်ရှိ စစ်ကောင်စီခန့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းရဲ့တူမတော်စပ်ပြီး ယခင်အုပ်ချုပ်ရေးမှူး နှုတ်ထွက်သွားတဲ့နောက်မှာ ခန့်အပ်ခဲ့တာပါ။

အဲ့ဒီအုပ်ချုပ်ရေးမှူးကြောင့် ရွာမမှာနိုင်ငံရေးအရ တက်ကြွလှုပ်ရှားတဲ့သူတွေ၊ အဖမ်းခံရတဲ့သူတွေက အဖမ်းခံရ၊ ထွက်ပြေးတဲ့သူတွေကထွက်ပြေးရနဲ့ ရွာသားတွေလဲ အမြဲ စိုးရိမ်ထိန့်လန့်နေရတယ်လို့ ဒေါ်ယုလှိုင်သင်းက ပြောပါတယ်။

ယင်းရွာ ပညာရေးစုံညီပွဲကို ပြီးခဲ့တဲ့ ၁၂ ရက်က ၁၆ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုထိလဲလောင်းကစားဝိုင်းကို ရွာမဈေးမှာ ပြုလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

CJ-012

#MeKongNews

#အင်းလေး

#ရွာမ

#ဟဲယာရွာ

#တိုင်းရင်းသား

#ဝန်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now