ဒေသတွင်းသတင်း

အင်းလေးမှာ အသံမိုင်းပေါက်ကွဲ၊ ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မဲခေါင် 13 Oct - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကံရွာမှာ အောက်တိုဘာ ၁၂ ရက်နေ့၊ ည ၈ နာရီက စစ်ကောင်စီနဲ့ ပျူစောထီးကို ဆက်ကြေးပေး ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်း အနီး အသံမိုင်း ပေါက်ကွဲ ပြီးနောက် လူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကံရွာမှာ အောက်တိုဘာ ၁၂ ရက်နေ့၊ ည ၈ နာရီက စစ်ကောင်စီနဲ့ ပျူစောထီးကို ဆက်ကြေးပေး ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်း အနီး အသံမိုင်း ပေါက်ကွဲ ပြီးနောက် လူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ် ရောက်လာပြီး ပေါနော်ရွာက ဒေသခံ ၂ ဦးကို ဖမ်းဆီးကာ ည ၉ နာရီမှာတော့ သန်းထောင်စျေး တောင်ဘက်က ဓာတ်ဆီဆိုင် အနီး ဆိုင်ကယ်နဲ့ သွားလာနေတဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

“လူငယ်တွေကို အကြောင်းအရင်း မရှိဘဲနဲ့ မိုင်းကွဲတာကြောင့် တွေ့ရာလူကို ဖမ်းနေတာ။ အဲ့ဒီ လူငယ် ၄ ယောက်ရဲ့ ဆိုင်ကယ် ၂ စီးကိုလည်း နောက်နေ့ လာရွေးလို့ ပြောထားပေမယ့် လူကြီးတွေ ဒီမနေ့ မနက် သွားရွေးတာ ဆိုင်ကယ်ကိုလည်း ပြန်မပေးဘူး။ အဖမ်းခံရတဲ့ လူတွေလည်း ဘာကြောင့် ဖမ်းသွားတယ်၊ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိရသေးဘူး” လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

ကံရွာ အသံမိုင်းကွဲမှုဟာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဒေသခံတွေ အပေါ် ဆက်ကြေးငွေ တောင်းဖို့လို့ အကွက်ဆင်တဲ့ သဘော ဖြစ်တယ်လို့ အင်းလေး ဒေသခံ တစ်ဦးက သုံးသပ်ပါတယ်။

“အခုအချိန်က အင်းလေးမှာ စကစ ရော ပျူရော PNO တွေရော ဘုရားပွဲကို အကြောင်းပြပြီး အများကြီး အင်အား တိုးထားတာလေ။ ဒီအချိန်မှာမှ အသံမိုင်း ကွဲတယ် ဆိုတော့ စဉ်းစားစရာပေါ့။ အင်းလူထုက သူတို့ကို လက်မခံတော့ သူတို့ကို လက်ခံလာအောင် အကွက်ဆင်တာ ဖြစ်မှာပေါ့။ ပြီးတော့ ငွေတောင်းစားချင်လို့ လုပ်တာလည်း ဖြစ်နိုင်တာပဲ” လို့ အင်းလေး ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။

လက်ရှိ ဖောင်တော်ဦး ဘုရားပွဲ နီးကပ်တာနဲ့အမျှ ဘုရားပွဲကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ ပြင်ဆင် နေတဲ့ စစ်ကောင်စီဟာ ဘုရားပွဲ လုံခြုံရေးဆိုပြီး စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ အင်းလေး ပျူစောထီးတွေကို တိုးမြှင့် ချထားပါတယ်။

အဲ့ဒီလို တိုးမြှင့်ချထားတဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေဟာ ဘုရားပွဲ လုံခြုံရေးကြေးဆိုပြီး ဆက်ကြေး ကောက်တာ အပါအဝင် အင်းလေး ဒေသခံတွေရဲ့ ကားတွေကို ချောဆွဲ အသုံးပြုတာ၊ ဒေသခံတွေကို ဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-002

#MekongNews

#အင်းလေးဒေသ

#အသံမိုင်း

#လောင်းကစား၀ိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now