စစ်ရေးသတင်း

သီပေါ-ကျောက်မဲ ကားသွားလာခွင့် TNLA ပိတ်

မဲခေါင် 13 Mar - 2024
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါ-ကျောက်မဲ ကားလမ်းကို ဒီနေ့ မတ်လ ၁၃ ရက် မနက်ပိုင်းက စကာ ပိတ်လိုက်လို့ သီပေါတိုးဂိတ်မှာ ကားတွေ စုပြုံရပ်ထားရတယ်လို ဒေသခံ သတင်းရင်းမြစ်ထံက သိရပါတယ်။

မဲခေါင်၊ မတ် ၁၃

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါ-ကျောက်မဲ ကားလမ်းကို ဒီနေ့ မတ်လ ၁၃ ရက် မနက်ပိုင်းက စကာ ပိတ်လိုက်လို့ သီပေါတိုးဂိတ်မှာ ကားတွေ စုပြုံရပ်ထားရတယ်လို ဒေသခံ သတင်းရင်းမြစ်ထံက သိရပါတယ်။

ယခင်က သီပေါဘက်ကို သွားတဲ့ ကားလေးတွေ ကျိုးကျနေတဲ့ ကျင်သီတံတားအထိ သွားလို့ရနေပေမယ့် ဒီနေ့မနက်မှာတော့ သွားခွင့်မရတော့ဘဲ သီပေါဘက်က ကျောက်မဲဘက်ကို သွားတဲ့ကားလေးတွေကို လှည့်ပြန်ခိုင်းလို့ သီပေါတိုးဂိတ်မှာ ကားလေးတွေ တန်းစီရပ်နေရတယ်လို့ သူက ပြောပါတယ်။

“ပလောင်က ပေးမသွားတာ၊ တိုက်ပွဲတွေဖြစ်တော့မယ့် အနေထားလို့ ထင်တယ်၊ ပြီးတော့ SSPP နဲ့ဟိုဖက်ဒီဖက် ကတုတ်ကျင်းတွေ အခိုင်အမာတူးနေကြတာမှာ စစ်တပ်လဲတူးနေတော့ ဘယ်အချိန်စစ်မီးတောက်မလဲ လူတွေစိုးရိမ်နေကြတယ်၊ စာမေးပွဲတွေကလဲ မပြီးသေးတော့ တဖက်နဲ့တဖက် ထိန်းနေကြဟန်တူတယ်၊ ကလေးတွေ စာမေးပွဲပြီးပြီဆိုရင်တော့ သုံးပွင့်ဆိုင် စစ်တွေဖြစ်ကြတော့မယ်`လို့ သူက ပြောပါတယ်။

လားရှိုးဘက်က ဆင်းလာတဲ့ ကားလေးတွေဟာ ကျိုးကျနေတဲ့ ကျင်သီတံတား ဟိုဘက်ကမ်း ဒီဘက်ကမ်း ကားချင်းချိန်းပြီး လူနဲ့ပစ္စည်း သယ်နေကြတာမှာ ခုလို သီပေါအထွက် ကို TNLA က ပိတ်လိုက်တဲ့အတွက် ကျောက်မဲ-မန္တလေးကို ဆက်လာလို့ မရတော့လို့ အခက်အခဲတွေများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ယင်းကျင်သီတံတား ကျိုးကျနေပြီး ပြန်လည်ပြင်ဆင်တာမရှိတာကြောင့် သီပေါကနေ ၃ မိုင်ခန့်အကွာမှာ AAA ကုမ္ပဏီက ဂေါ်ဒန်ကျောက်တွေကို သယ်ယူဖို့ ကျင်သီတံတားကနေ ၂ မိုင်ခန့်အကွာမှာ ရုံးဖွင့်ပြီး တံတားဟိုဘက် ဒီဖက် ကဲ့ပြီး သယ်ယူနေကြတာ ဖြစ်ပြီး ယင်းကုမ္ပဏိက ကားတွေကလွဲလို့ ကျန်ကားကြီးကားသေးတွေ သွားလာခွင့်မရတော့တာလို့ ဆိုပါတယ်။

ရက်ပိုင်းအတွင်း ကျောက်မဲ-သီပေါကြား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးရဲ့ဘေး တစ်ဖက်တစ်ချက်မှာ TNLA၊ SSPP တို့ အခိုင်အမာ ကတုတ်ကျင်းတွေတူးနေကြသလို စစ်ကောင်စီကလည်း အခြေချ စကခ(၁)နဲ့ခမရ ၅၀၁၊ ၅၀၂ တွေမှာ လဲ ဘက်ဟိုးတွေနဲ့ ကတုတ်ကျင်းတွေတူးနေကြတယ်လို့ သိရပါတယ်။

ထို့အတွက် ကိုယ်စီအင်အားအများအပြား ဖြည့်နေကြတာတွေ့မြင်နေရတာတွေအပြင် ခုလို လမ်းပိတ်လိုက်တာဟာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကာ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now