မဲခေါင်၊ ဧပြီ ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့က သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ လူမစည်မှာစိုးလို့ ဟိုပုံးမြို့မစျေးကြီးကို ဖွင့်ပွဲ နေ့မှာ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။
နှစ်စဥ် သင်္ကြန်အကြိုနေ့အထိ ပုံမှန်စျေးဖွင့်ရောင်းနေကြကိုအဲဒီနေ့မှာ ဝန်ကြီးချုပ်မဏ္ဍပ်ဖွင့်ပွဲလာမှာဖြစ်လို့ စျေးပိတ်ဖို့ စည်ပင်က သတိပေးနေပေမယ့် ဈေးသည်တွေက မပိတ်ဖို့ စုရုံးတောင်းဆိုနေတယ်လို့ သိရပါတယ်။
စျေးသည်တွေတောင်းဆိုချက်အရ အကြိုနေ့ ညနေ ၃ နာရီအထိ သာဖွင့်ခွင့်ရပြီး အချိန်ကျော်လွန်ဖွင့်ရင် အရေးယူခံရမယ် ခံဝန်ထိုးခဲ့ရကြောင်း သိရပါတယ်။
“နှစ်တိုင်းရောင်းနေကျကို ဒီနှစ်မှ လူမစည်မှာစိုးလို့တဲ့လေ၊ ၃ နာရီမှာ စျေးတံခါးလာပိတ်မယ်၊ စျေးမသိမ်းဘဲ စျေးဆက်ရောင်းရင် စျေးထဲဆက်နေရင် အရေးယူမယ်တဲ့” လို့ ဟိုပုံးမြို့မစျေးယာယီပျံကျစျေးသည် ၁ ဦးက မဲခေါင်ကို ပြောပါတယ်။
မြို့လယ်က ဘုရားရှေ့မှာ သင်္ကြန်ဗဟိုမဏ္ဍပ်ဆောက်လုပ်နေတာဖြစ်ပြီး အဲနောက် ကုန်းဆင်းမှာ ဟိုပုံးမြို့မစျေးကြီးတည်ရှိတာ ဖြစ်ပါတယ်။
ဟိုပုံးစျေးမှာ ပျံကျအပါအဝင်စျေးဆိုင် ၄၀၀ ခန့်ရှိပြီး ရှမ်းပြည်ဓလေ့ ပုံမှန် ၅ ရက်တစ်စျေး ဖွင့်လှစ်ရောင်းချနေကြပြီး မနက်ဖြန် ဧပြီ ၁၂ရက်နေ့က စျေးနေ့ဖြစ်ပါတယ်။
MK-012