မဲခေါင်၊ မတ် ၅
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီကို တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေဆီကို NUG သယံဇာတဝန်ကြီး ဦးမျိုးအောင်၊ ဒုဝန်ကြီးဒေါ်အိသဉ္စာမောင် တို့သွားရောက်ပြီး လိုက်လံတွေ့ဆုံအားပေးစကားပြောခဲ့တယ်လို့ အဲဒီလိုတွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ အင်းလေး IPDF တပ်ရင်းမှူး အင်းဆားကူး ထံက သိရပါတယ်။
ဆရာမ ဒေါ်အိသဉ္စာမောင် က ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျနော့်တပ်ရင်းကို ဒီညသူလာသွားတယ်ပေါ့၊ လာပြီးတော့ ရဲဘော်တွေကို အားပေးစကားပြောသွားတယ်၊ အဲညတွင်းချင်းပဲ သူတို့ပြန်သွားတယ် ကျနော်နဲ့စကားပြောရတယ်ပေ့ါ၊ ဟုတ်ကဲ့ပါဗျ၊ ၁၂ရက်ညမှာ ကျနော်တို့ဆီကို အရောက်လာခဲ့တယ်၊ ဆရာကိုမျိုးအောင်နဲ့ပေါ့နော်၊ သယံဇာတဝန်ကြီး ကိုမျိုးအောင်နဲ့အတူလာခဲ့တယ်ဗျ
ဟု မဲခေါင်ကို ပြောကြားပါတယ်။
ဒုဝန်ကြီး ဒေါ်အိသဉ္စာမောင်ဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ ဆီဆိုင်ကို ရောက်ခဲ့သလို ဖေဖော်ဝါရီ ၁၇ ရက်မှာ ကလလတ ရဲ့ နေပြည်တော်သိမ်းပိုက် အောင်လံစိုက် ကျပ်သိန်း ၁ သောင်း ကမ်ပိန်းအတွက် ဝန်းရံထောက်ပို့ခဲ့ပြီး KNDF ဗျူဟာ ၆ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှာတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။