ဒေသတွင်းသတင်း

ရှမ်းတောင်ဒေသထွက် ဂေါ်ဖီထုပ်တွေ ဈေးကျလို့ တောင်သူတွေ အရှုံးပေါ်

မဲခေါင် 7 Aug - 2023
မဲခေါင်၊ သြဂုတ် ၇ ရှမ်းပြည်နယ် တောင်ပိုင်းက ထွက်ရှိတဲ့ ဂေါ်ဖီထုပ် ဈေးတွေ ထိုးကျနေတာကြောင့် တောင်သူတွေ အရှုံးပေါ် နေကြတယ်လို့ ဒေသတွင်း စားဖိုဆောင် သီးနှံ ပွဲရုံတွေထံက သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၇

ရှမ်းပြည်နယ် တောင်ပိုင်းက ထွက်ရှိတဲ့ ဂေါ်ဖီထုပ် ဈေးတွေ ထိုးကျနေတာကြောင့် တောင်သူတွေ အရှုံးပေါ် နေကြတယ်လို့ ဒေသတွင်း စားဖိုဆောင် သီးနှံ ပွဲရုံတွေထံက သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ ဩဂုတ်လ ၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အတူ ရေကြီးနေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အခုလို ဈေးတွေ ထိုးကျလာတာပါ။

တောင်ကြီးမြို့ ပွဲရုံပိုင်ရှင် တစ်ဦးက “ကားတွေက ဘယ်လိုမှ သွားလို့ မရတော့ဘူး။ ကုန်ကားတွေ မှောက်ကုန်တယ်။ တခြားဟာတွေလည်း ဈေးကျပေမယ့် ဂေါ်ဖီထုပ်က သိသိသာသာကို ဈေးကျတာ။ ဒါပေမယ့် ခဏပါပဲ။ မိုးကုန်ပြီး လမ်းကောင်းလာရင် ပြန်တက်မှာပါ” လို့ ပြောပါတယ်။

အရင်က ဂေါ်ဖီထုပ် တစ်ထုတ် ၅၀၀ ကျပ်နဲ့ ၁,၀၀၀ ကျပ်ကြား ဈေးရပေမယ့် လက်ရှိ ၂၀၀ ကျပ်ခန့်သာ ပေါက်ဈေး ရှိတော့တယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာ မြေဩဇာနဲ့ ပိုးသတ်ဆေး စျေး ၃ ဆနီးပါး တက်လာတာကြောင့် ဂေါ်ဖီထုပ် ဈေးကျတာဟာ များစွာ ဆုံးရှုံးနစ်နာမှု ဖြစ်တယ်လို့ တီကျစ်မြို့ ဒေသခံ တောင်သူ တစ်ဦးက ပြောပါတယ်။

“ဈေးကျတာထက် ဈေးကို မရှိတာ။ ၂၀၀ (ကျပ်) တောင်မှ ဘယ်သူမှ မဝယ်ကြတော့ဘူး။ ကျနော်တို့ နိုင်ငံရေး မကောင်း၊ ကုန်ဈေးနှုန်းတက်တဲ့ကြားက ငွေတိုးယူပြီး စိုက်ထားတာ။ ဒီလိုဈေးနဲ့ဆိုရင် အတိုးပေါ် အတိုး ဆင့်တော့မယ်” လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း နောင်တရား၊ တီကျစ်၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ စတဲ့ ‌ဒေသတွေမှာ ဂေါ်ဖီထုပ်တွေ စိုက်ပျိုးကြပြီး အဲဒီ ဒေသတွေအားလုံးက တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ ပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။

CJ-007
#Mekongnews
#ရှမ်းတောင်
#ဂေါ်ဖီထုပ်
#မြေသြဇာ_ပိုးသတ်ဆေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now