မဲခေါင်၊ ဇန်န၀ါရီ ၂၅
ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၅၁၀၁)ကို လက်နက်တပ်ဆင်ပေးလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး၀န်ကြီးဌာနက ဒီနေ့ ဇန်န၀ါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်နက်တပ်ဆင်တဲ့ အခမ်းအနားကို ရှေ့တန်းတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပေမယ့် ဘယ်နေရာမှာ ပြုလုပ်ခဲ့တယ်ဆိုတာတော့ ထုတ်ပြန်ထားတာခြင်း မရှိပါဘူး။
ရန်ကုန်တိုင်းစစ်ဌာန လက်အောက်မှာရှိတဲ့ တပ်ရင်း ၅၁၀၁ ကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ဒီဇင်ဘာလအထိ ၇ လကြာမှာ သင်တန်းပေါင်းစုံနဲ့ လေ့ကျင့်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲကို ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးတာ၀န်ခံ၊ တပ်ရင်း ၅၁၀၁ တာ၀န်ခံတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းအတွင်း ထူးချွန်ဆုရခဲ့သူတွေကိုလည်း ဆုတံဆိပ်တွေချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
#MeKngNews
#NUG
#MOD
#လက်နက်
#တပ်ဆင်
#စစ်ကောင်စီ
#ရန်ကုန်