မဲခေါင်၊ ဧပြီ ၁၁
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့မှာ မနေ့ ညပိုင်းက မိုးရွာလေပြင်းတိုက်လို့ စေတီထီးတော်ပြုတ်ကျပြီး အိမ်အချို့ သွပ်မိုးများလန်ကာ၊ ဆက်သွယ်ရေး တိုင်တွေပြိုလဲလို့ လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယမန်နေ့ ဧပြီ ၁၀ ရက် ည ၇ နာရီက ၈ နာရီခွဲအထိ မိုးသည်းထန်ကာ လေပြင်းတိုက်လို့ မိုင်းတုံမြို့ဝမ်မိုင်စေတီ ထီးတော်ပြုတ်ကျပြီး ပိဋကတ်ကျောင်းဆောင် ၁ ခုပြိုကျကာ သစ်ပင်တချို့ လဲကျကုန်တယ်လို့ သိရပါတယ်။
မြို့မရပ်ကွက်က သင်္ကြန်ဧည့်ခံတဲမဏ္ဍပ်၊ ဂေါက်ကလပ်အဆောက်အဦး သွပ်မိုးအချို့ လေနဲ့လွင့်ပါသလို အိမ်အချို့သွပ်မိုးတွေ လန်ကုန်တယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ကားလမ်းပေါ်လဲကျနေတဲ့ သစ်ပင်ကြီးအချို့ကိုတော့ ဒီနေ့ မနက်မှာ ခုတ်ထွင်ရှင်းလင်းနေတယ်လို့ သိရပါတယ်။
မီးခိုးမြူငွေ့တွေ ခရမ်းရောင်အဆင့် ဖုံးလွှမ်းနေတာမှာခုလို မိုးသည်းထန်စွာရွာလိုက်လို့ တောင်ယာမီးခိုးတွေ ငြိမ်းကုန်ပြီး မီးခိုးပြာမှုန်တွေ မရှိတော့ဘူးလို့ သိရပါတယ်။
MK-012