ဒေသတွင်းသတင်း

ပင်လောင်းမှာ လက်ဖက်ပင် တစ်ပင် ၂၀၀ ကျပ် စစ်ကောင်စီတပ် ဆက်ကြေးကောက်

မဲခေါင် 27 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်က သိမ်းထားတဲ့ မြေအတွင်း ကျရောက်နေတဲ့ လက်ဖက်ပင်တွေကို တစ်ပင် ၂၀၀ ကျပ် ဆက်ကြေးပေးမှ စစ်တပ်က လက်ဖက်ခူးခွင့် ပေးတယ်လို့ စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်က သိမ်းထားတဲ့ မြေအတွင်း ကျရောက်နေတဲ့ လက်ဖက်ပင်တွေကို တစ်ပင် ၂၀၀ ကျပ် ဆက်ကြေးပေးမှ စစ်တပ်က လက်ဖက်ခူးခွင့် ပေးတယ်လို့ စုံစမ်း သိရှိရပါတယ်။

အဲ့ဒီ လက်ဖက်ပင်တွေဟာ စစ်ကောင်စီတပ် မရှိခင်ကတည်းက ဒေသခံတွေ စိုက်ပျိုးထားတဲ့ လက်ဖက် စိုက်ခင်းတွေဖြစ်ပြီး စစ်တပ် ရောက်လာပြီးနောက် လက်ဖက်ခြံတွေကို သိမ်းယူခဲ့တာ ဖြစ်တယ်လို့ ရင်းမှီး ဒေသခံ တစ်ဦးက ပြောပါတယ်။

“အရင်က တစ်ပင် ၅၀ ကနေ တစ်ပင် ၁၀၀ တောင်းတယ်။ အခု ဒီနှစ်မှာ တစ်ပင် ၂၀၀ ပေးရမယ်လို့ တောင်းလာတယ်။ မပေးရင် လက်ဖက် မပေးခူးတော့ဘူးတဲ့။ သူတို့က နောက်မှ ရောက်လာပြီး သိမ်းသွားတဲ့ ဟာကို သူတို့တောင်းသလို ပေးနေရတာက သက်သက်အနိုင်ကျင့်တာပါဗျာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် သိမ်းထားတဲ့ မြေတွေဟာ ဧက ၅,၀၀၀ ကျော်ရှိပြီး အဲ့ဒီတပ်သိမ်းမြေအတွင်း ရင်းမှီး ၊ စင်းတောင်း စတဲ့ ကျေးရွာနေ ပြည်သူတွေ ပိုင်တဲ့ လက်ဖက်စိုက်ခင်း ဧကပေါင်း ထောင်ချီ ရှိနေပါတယ်။

“အပင်နဲ့ဆို မတွက်တတ်ဘူးဗျ၊ တစ်ဧကကို အပင်တစ်ထောင် ဝန်းကျင်ရှိတယ်။ တစ်နှစ်ကို ဒေသခံတွေ ဆောင်ရတဲ့ အခွန် စုစုပေါင်း သိန်းထောင်ဂဏန်းရှိတယ်။ တစ်ပင် ၂၀၀ ဆိုတော့ ပိုဆောင်ရတာပေါ့။ တောင်သူတွေက ဘာမှ မစားရဘူး။ သူတို့က ဘာမှမလုပ်ရဘဲ မြေသိမ်းထားတာနဲ့ ငွေရနေတယ်လေ” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ဖက်ခူးပြီးနောက် လက်ဖက်ခြောက်ဖြစ်ဖို့ လုပ်ရတဲ့ အဆင့်ဆင့်မှာ ကုန်ကျစရိတ်တွေ ရှိတာကြောင့် လက်ရှိ စျေးနှုန်းနဲ့ အမြတ်ရရှိဖို့ ခက်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

လက်ဖက်ခြံအပြင် စစ်ကောင်စီတပ်က သိမ်းထားတဲ့ မြေအတွင်း စိုက်ပျိုးရေး လုပ်ကိုင်လိုသူတွေ အနေနဲ့ စစ်ကောင်စီတပ်ကို အခွန်ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို အခွန်ပေးပြီး စိုက်ပေမယ့် စစ်ကောင်စီတပ်က ဒေသခံတွေ စိုက်ထားတဲ့ ခြံတွေကို ဖျက်ဆီးလိုက်တာတွေ ရှိတယ်လို့ စင်းတောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

“အဲ့လိုလုပ်လို့ ဒီဘက်က ဒေသခံတွေ အများစုက တစ်ခြား ဒေသတွေမှာ တောင်ယာ သွားလုပ်ကြရတာ အများကြီးပဲ။ တစ်ခြား မြေရှိတဲ့ဒေသမှာ စိုက်ပျိုးရေး ရာသီဆို စိုက်ပျိုးရေးတွေ သွားလုပ်ကြပြီး ရာသီကုန်မှ ရွာကို ပြန်လာကြရတာ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပင်လောင်းမြို့တောင်ဘက် အထွက် ရင်းမှီး၊ စင်းတောင်းကျေးရွာရဲ့ မျက်နှာချင်းဆိုင် ကားလမ်းမကြီး အရှေ့ဘက်မှာရှိတဲ့ ဒေသခံတွေရဲ့ မြေဧက ထောင်နဲ့ချီ သိမ်းဆည်းပြီး အမှတ် (၄) စစ်အခြေခံ လေ့ကျင့်ရေးတပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

CJ-002

#MekongNews

#ပင်လောင်းမြို့နယ်

#လက်ဖက်စိုက်ခင်း

#တပ်သိမ်းမြေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now