ဒေသတွင်းသတင်း

ပင်လောင်းမြို့နယ်ရောက် စစ်ဘေးရှောင် ပြည်သူတွေအတွက် အနွေးထည်တွေ လိုအပ်နေလို့ ကူညီပေးဖို့ မေတ္တာရပ်ခံ

မဲခေါင် 7 Nov - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် အတွင်း ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေ အတွက် ဆောင်းရာသီ အကြို ရောက်လာလို့ အနွေးထည်တွေ စတင်လိုအပ်လာပြီး ကူညီဖို့ မေတ္တာရပ်ခံတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် အတွင်း ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေ အတွက် ဆောင်းရာသီ အကြို ရောက်လာလို့ အနွေးထည်တွေ စတင်လိုအပ်လာပြီး ကူညီဖို့ မေတ္တာရပ်ခံတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ပင်လောင်းမြို့နယ်မှ တစ်ရက်ပြီး တစ်ရက် ပိုအေးလာပြီ ဖြစ်တဲ့အတွက် စစ်ဘေးရှောင် ပြည်သူတွေ အတွက် စောင်တွေ အနွေးထည်တွေ လိုအပ်နေပြီလို့ သူကပြောပါတယ်။

“စောင်အထူတွေ အနွေးထည် အင်္ကျီတွေ ကူညီဖို့ လိုတယ်ဗျ။ ပင်လောင်းမှာက အခုအချိန် ခိုက်ခိုက်တုန်အောင် တော်တော်အေးနေပြီ။ သူတို့က မိုးကာနဲ့မိုးတဲ့ တဲတွေမှာနေရတော့ ပိုပြီးတော့ လိုအပ်တယ်။ အနွေးထည်တွေ ပိုနေတာတွေဖြစ်ဖြစ်၊ စုပေါင်းပြီးဖြစ်ဖြစ် ကူညီဖို့လိုတယ်” လို့ စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ မိုးရာသီနဲ့ ဆောင်းရာသီ အကူးအပြောင်း ကာလ ဖြစ်တဲ့အတွက် ရာသီတုပ်ကွေး ဖျားနာမှု များပြားနေတယ်လို့ ဆိုပါတယ်။

“ညဘက်ဆို ပင်လောင်းမြို့နယ် အပူချိန်က ၁၇ – ၁၈ အထိ ပဲရှိတော့ ညဘက်နဲ့ မနက်ခင်းဆို တော်တော်အေးနေပြီလေ။ ဒါကြောင့် စစ်ဘေးရှောင်တွေကို လူသားချင်း ကိုယ်ချင်းစာပြီး အနွေးထည်တွေ စောင်အထူတွေကို ကူညီကြဖို့ တိုက်တွန်းချင်တယ်”လို့ ပင်လောင်းမြို့နေ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်း ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ယူရာမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က တင်းကြပ်စွာ စစ်ဆေးတာ၊ ငွေတောင်း ဒဏ်ငွေရိုက်တာတွေကြောင့် ဆေးဝါးစျေး မြင့်တက်နေပြီး သယ်ယူဖို့ ခက်ခဲနေပါတယ်။
ကရင်နီပြည်နယ်က တိုက်ပွဲတွေနဲ့ ပင်လောင်းမြို့နယ် တောင်ပိုင်း နယ်စပ်ဘက် တိုက်ပွဲတွေကြောင့် အဲ့ဒီဒေသက ပြည်သူတွေဟာ ပင်လောင်းမြို့နယ်ထဲ စစ်ဘေးရှောင်လာရာ လက်ရှိ စစ်ဘေးရှောင် ပြည်သူတွေ ၃,၀၀၀ ကျော် ရှိနေဆဲ ဖြစ်ပါတယ်။

CJ-002

#MekongNews

#ပင်လောင်းမြို့နယ်

#စစ်ဘေးရှောင်

#အနွေးထည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now