ဒေသတွင်းသတင်း

တောင်ကြီးမှာ ကုန်ကား၊ တွဲကားတွေ မဆင်မခြင် မောင်းနှင်မှုကြောင့် မြို့ခံ ပြည်သူတွေ ထိတ်လန့်နေရ

မဲခေါင် 9 Apr - 2024
တောင်ကြီးမြို့၊ မြို့တွင်း နေရာတချို့မှာ ကုန်ကား၊ တွဲကားတွေ မဆင်မခြင် မောင်းနှင်မှုကြောင့် မကြာခဏ ယာဉ်မတော်တဆမှုတွေဖြစ်ပွားပြီး မြို့ခံ ပြည်သူတွေ ထိတ်လန့်နေရတယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဧပြီ ၉

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့၊ မြို့တွင်း နေရာတချို့မှာ ကုန်ကား၊ တွဲကားတွေ မဆင်မခြင် မောင်းနှင်မှုကြောင့် မကြာခဏ ယာဉ်မတော်တဆမှုတွေဖြစ်ပွားပြီး မြို့ခံ ပြည်သူတွေ ထိတ်လန့်နေရတယ်လို့ စုံစမ်းသိရပါတယ်။

တောင်ကြီး – အေးသာယာ အတက်အဆင်းလမ်း၊ အနောက်မြို့ပတ်လမ်းရှိ ဝါးပြားလမ်းဆုံ မီးပွိုင့်နဲ့ သုံးလမ်းဆုံ၊ တက္ကသိုလ် အနီးရှိ သစ်တောဂိတ် မီးပွိုင့်နဲ့နဲ့ ဧရာဝတီ မီးပွိုင့် စတဲ့နေရာတွေမှာ ကုန်ကား၊ တွဲကားတွေ အရှိန်ပြင်း မောင်းနှင်မှုကြောင့် လမ်းသွား/လာ ပြည်သူတွေ အနေနဲ့ လမ်းကြောမရတာ၊ လမ်းပိတ် ဆို့မှုဖြစ်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

တောင်ကြီးကနေ အေးသာယာ နေတိုင်း သွားလာနေသူ တစ်ဦးက “တောင်ကြီးအဆင်းလမ်း ဂကွေ့နေားမှာ မနေ့ညကဆို တွဲကားနဲ့ ဆိုင်ကယ် အပြိုင်မောင်းကြတာ။ ကိုယ်တိုင် ကြုံလာရတာပါ။ ပြိုင်ကားလား တွဲကားလား မသဲကွဲဘူး။ ဆိုင်ကယ်က ချောက်ထဲကျခါနီး နည်းနည်းပဲ လိုတာ “ လို့ ပြောပါတယ်။

ကုန်ကား၊ တွဲကားတွေအတွက် တောင်ကြီးမြို့အတွင်း ကန်ကြီးရပ်ကွက်ကနေ ဝါးပြားလမ်းဆုံအထိ မြို့ရှောင်လမ်း၊ တောင်ကြီးအဆင်း ကရင်မရေထွက်ကနေ အေးသာယာအထိ မြို့ရှောင်လမ်း စတဲ့ လမ်းတွေကို ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက NLD အစိုးရ ပြုပြင်မွမ်းမံပေးထားခဲ့ပေမယ့် အဲဒီလမ်းကနေ သွားလာတမျိုး မရှိဘဲ အဓိက ကားလမ်းမကြီးတွေကိုသာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ညောင်ဖြူစခန်း ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက “ညနေပိုင်း အောက်စျေးနားက အပေါ်ကွေ့ အောက်ကွေ့နားဆို ပိုဆိုးတယ်။ အဲ့နားက အိမ်တွေလည်း လန့်နေရတာ။ တစ်လောကမှ အပေါ်ကွေ့နားက အိမ်တစ်အိမ်ထဲ တွဲကား ဝင်တိုက်သွားသေးတယ်။ လူအထိအခိုက် မရှိလို့ တော်သေးတယ်။ မျက်စိရှေ့တင် ဖြစ်တာ” လို့ ပြောပါတယ်။

တွဲကားတွေ မဆင်မခြင် မောင်းနှင်မှုကြာင့် တောင်ကြီး – အေးသာယာ အတက်လမ်းမှာ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းကလည်း တွဲကား ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အိမ်စီးကား ၃ စီးကို ဝင်တိုက်ကာ လူ ၄ ဦးသေဆုံးခဲ့ပါတယ်။

တောင်ကြီးမြို့မှာ တွဲကား၊ ကုန်ကားတွေကို မြို့ခံတွေက အရှိန်လျော့ မောင်းနှင်စေလိုပြီး သူတို့အတွက် သတ်မှတ်ထားပေးတဲ့ မြို့ရှောင်လမ်းတွေကိုသာ အသုံးပြုစေချင်ပေမယ့် ယာဉ်လိုင်းတွေဘက်က လိုက်နာမှု မရှိတာကြောင့် မြို့ခံတွေအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ် ထိတ်လန့်နေရတယ်လို့ သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now