ဒေသတွင်းသတင်း

စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အဖွဲ့ ဖွဲ့စည်း

မဲခေါင် 9 Feb - 2024
ရှမ်းပြည်နဲ့ ကချင်ပြည်နယ်မှာ အများဆုံးရှိတဲ့ လီဆူးလူငယ်တွေက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အစည်းအရုံး ( Lisu Youth Congress- LYC) ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ လီဆူလူငယ်အစည်းအရုံးရဲ့ ဖေ့ဘုတ်စ်စာမျက်နှာက ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နဲ့ ကချင်ပြည်နယ်မှာ အများဆုံးရှိတဲ့ လီဆူးလူငယ်တွေက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အစည်းအရုံး ( Lisu Youth Congress- LYC) ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ လီဆူလူငယ်အစည်းအရုံးရဲ့ ဖေ့ဘုတ်စ်စာမျက်နှာက ထုတ်ပြန်လိုက်ပါတယ်။

လီဆူလူငယ်အစည်းအရုံးဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်မည်သည့်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ရန်၊ လူမျိုးကြီးဝါဒတွေကို တိုက်ဖျက်ရန်၊ ပြည်သူလူထုတွေကို ဂုတ်သွေးစုပ်နေတဲ့ အရင်းရှင်စနစ်ကို တိုက်ဖျက်ရန်၊ လူမျိုးရေး၊ ဘာသာရေး၊ လိင်စိတ်ခံယူမှု ကွဲပြားမှုတို့အပေါ် ဖိနှိပ်ချုပ် ချယ်မှုတွေကို တိုက်ဖျက်ရန်နဲ့ လီဆူးလူမျိုးတို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရရှိဖို့ကိုလီဆူလူထုကို ကိုယ်စားပြုနိုင်ဖို့လည်းရည်ရွယ်သလို သဘောထားတူညီတဲ့ နိုင်ငံရေးအဖွဲ့အစည်း တွေ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဆောင်သွား မယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ယင်း လီဆူလူငယ်များဖွဲ့စည်းမှုနဲ့စပ်လျဥ်း၍ လီဆူလူကြီးတစ်ဦးက’အားပေးတယ်၊ လူကြီးတွေရဲ့ မပြီးဆုံးသေးတဲ့တာဝန်ကို လူငယ်တွေက သွေးသစ်လောင်းပြီး သမိုင်းတာဝန်ကို လက်ဆင့်ကမ်းယူတာဖြစ်လို့ ဂုဏ်ယူတယ်’ လို့ပြောကြားပါတယ်။

ကချင်လူမျိုးအနွယ်ထဲတွင်ပါဝင်သည့် လီဆူလူမျိုးကို လီဆူး ၊ လီရှော ဟု ခေါ်ကြငည်များရှိခဲ့ရာ တရုတ်နွယ်တွေနဲ့ ရောနှောခံရသဖြင့် လီဆူလူမျိုးနွယ် ခိုလုံလီရှောများကို တရုတ်နွယ်ဟု သတ်မှတ်ခံရတာတွေရှိနေသလို ယင်းရောထွေးသတ်မှတ်ခံရမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲအပါအဝင် ရွေးကောက်ပွဲများမှာ မဲပေးခွင့်မရခဲ့တဲ့ လီဆူ လူမျိုးအများအပြားရှိခဲ့တယ်လို့ သူကပြောပါတယ်။

‘ခိုလုံဆိုတာ ရှမ်းလို ဟိုဆိုတာ ဦးခေါင်း လုံဆိုတာ ကြီးတာကိုပြောတာ ကျမတို့ရိုးရာခေါင်းပေါင်းကြီးကို အစွဲပြုခေါ်တာ အဲတာကနေ ခိုလုံဖြစ်ပြီး တရုတ်နွယ်လို့ယူဆတာ ခိုလုံလာတဲ့ တရုတ်တွေပေါ့ဒီလို၊ အမှန်တော့ ကျမတို့က လီဆူနွယ်တွေပါ’ လို့ နမ့်ခမ်းက လီဆူ တိုင်းရင်းသူတစ်ဦးကပြောပါတယ်။

လီဆူတိုင်းရင်းသားများဟာ မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ မိုးကုတ်တို့မှာ အနေများကြပြီး ယခုဖွဲ့စည်းတဲ့ လူငယ်အဖွဲ့မှာ ပြည်ပကလူငယ်တွေလဲ ပါဝင်တယ်လို့သိရပါတယ်။

MK-012

#MeKongNews

#လီဆူ

#တိုင်းရင်းသား

#ဖွဲ့စည်း

#စစ်အာဏာရှင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now