စစ်ရေးသတင်း

စစ်ကိုင်းတိုင်းထဲက မြို့နယ်အများအပြားမှာ EROတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိုးစစ်စတင်

မဲခေါင် 3 Nov - 2023
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ မြို့နယ်အများအပြားက စစ်ကောင်စီတပ်စခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ - ERO တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ပူးပေါင်းတပ်တွေက ဒီနေ့ နိုဝင်ဘာလ ၃ရက်မနက်မှာ စတင်တိုက်ခိုက်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက မဲခေါက်ကို ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ မြို့နယ်အများအပြားက စစ်ကောင်စီတပ်စခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ – ERO တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF ပူးပေါင်းတပ်တွေက ဒီနေ့ နိုဝင်ဘာလ ၃ရက်မနက်မှာ စတင်တိုက်ခိုက်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက မဲခေါက်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ ဝန်းသို၊​ ပင်လည်ဘူး၊ ချပ်သင်း၊ ကသာ၊ ဗန်းမောက်၊ ထီးချိုင့်၊ ကန့်ဘလူ၊​ ဇီးကုန်း၊​ ကျွန်းလှ စတဲ့မြို့တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီစခန့် တချို့ကိုလည်း စတင်ချေမှုန်းနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“စခန်းတချို့ရနေပြီဖြစ်ပါတယ်။ ကောလင်းမှာလည်း မြို့ပေါ်မှာ တိုက်နေပြီ။ ကျွန်းလှမှာ စစ်တပ်က မနက်က Mi 35 နဲ့လာပစ်သွားတယ်။ ပင်လည်ဘူးက ထွေအုပ်နဲ့ ရဲစခန်းပဲ​ကျန်တော့တယ်လို့ သတင်းရတယ်။ ဝန်းသိုမှာလည်း စစ်တပ်က ဟောင်ဝစ်ဇာတွေ တောက်လျှောက်ပြန်ပစ်နေပါတယ်” လို့ သူက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် – AA ကလည်း သူတို့တပ်တွေကို စစ်ကိုင်းတိုင်း အထက်ပိုင်းကို ပို့ဆောင်ထားပြီး တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပြီး လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီဘက်မှာရှိတဲ့ ချပ်သင်းမြို့ နယ်မြေရဲစခန်းကို မနေ့ နိုဝင်ဘာလ ၂ရက်က PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။

ဒီမနက် တိုက်ပွဲတွေကြောင့် ကောလင်းမြို့ပေါ်မှာ ပြည်သူအများအပြား ပိတ်မိနေပြီး ပိတ်မိနေတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ကယ်ထုတ်နေတယ်လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ဖွဲ့ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီစခန်းတွေ ၁၀၂၇ စစ်ဆင်ရေးဆင်နွဲပြီး ဆက်တိုက်ခိုက်သိမ်းပိုက်နေသလို ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်အစပ်က စစ်ကောင်စီတပ်စခန်းတွေကို လည်း KIA က တိုက်ခိုက်သိမ်းပိုက်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကောင်စီစခန်း ၁၀၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သား အမြောက်အများကို ဖမ်းဆီးရမိထားသလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိထားပါတယ်။

MK – 004

#MeKongNews

#စစ်ကိုင်းတိုင်း

#ကောလင်း

#ပင်လည်ဘူး

#ဝန်းသို

#ကန့်ဘလူ

#ချပ်သင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀ ရက်နေ့အထိ တစ်ရက် (၄) နာရီပိတ်ထားတဲ့အတွက် ကုန်ကားနဲ့ ခရီးသည်တင်ကား ရာနဲ့ချီ ပိတ်မိနေတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now