စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။
“ ဝ” တိုင်းရင်းသားယဥ်ကျေးမှုအသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ရန်ကုန်မြို့ကျိုက္ကဆံကွင်းတွင် စည်ကားစွာကျင်းပခဲ့သည့် ပထမအကြိမ်နှင့် ၂၀၂၀ခုနှစ်ဒု တိယအကြိမ် “ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” များတွင် အဘက်ဘက်မှ ပြင်ဆင်ခဲ့ပြီးနောက် ပြည့်စုံကောင်းမွန်ပျော်ရွှင်စွာဖြင့် “ ဝ” လူမျိုးများနှင့် သက်ဆိုင်သည့် ရိုးရာအက၊ ဂီတ၊ သီချင်းနှင့် ပြခန်းတို့အပြင် ရိုးရာထုတ်ကုန်များ၊ စားသောက်ဆိုင်များပါ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း၊ ယခုအခါမြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်း M.E.E.A မှကြီးမှုးကျင်းပမည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်း အမှတ်အားကြိုဆိုသည့် အနေ ဖြင့် “ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” တတိယအကြိမ်အား ၂၀၂၁ခုနှစ်ဒီဇင်ဘာလ ၁၁ရက်မှ၁၅ရက်နေ့အထိ မြန်မာ့ရုပ်မြင်သံကြား MRTV မှတဆင့် ထုတ်လွှင့်ခြင်းနှင့်အတူ အင်တာနက်အွန်လိုင်းဝက်(ဘ်) ပေါ်တယ် Internet Online Web Portal မှ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းတို့ အပါအဝင် ရုပ်မြင် အစီအစဉ် Virtual စံနစ်ဖြင့် နေ့စဉ်ထုတ်လွှင့်ပြသခြင်းများတွင် ပူးပေါင်းပါဝင်နိုင်ရန် အတွက် “ ဝ” တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း W.E.E.A သို့ဖိတ်ခေါ်ထားခဲ့ခြင်းအား ကောင်းစွာလက်ခံရရှိခဲ့ကြောင်း “ဝ” တိုင်းရင်းသား လုပ်ငန်းရှင်များက ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်တတိယအကြိမ်” သွေးချင်းတို့ရဲ့ပွဲတော်ဆီ” တွင်လည်း ပါဝင်ဆင်နွဲနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ကူးစက် Covid-19 ရောဂါအားရင်ဆိုင်နေရခြင်းနှင့်အတူ အခြားအခက်အခဲများကြောင့် MRTV မှ တဆင့်ထုတ်လွှင့်တင်ဆက်မည့် အစီအစဉ်များနှင့် Web Portal မှ ဈေးရောင်းချခြင်းများအတွက် ပရိသတ်များ ကျေနပ်ဖွယ်ရာ ကောင်းလောက်အောင် စီစဉ်နိုင်ရန်အတွက် ပြည့်စုံနိုင်ခြင်းမရှိသေးပါသဖြင့် ယခုလ၁၁-၁၅ရက် အတွင်း ကျင်းပသည့် တတိယအကြိမ်မြောက် “ သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)” အစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။