စစ်ရေးသတင်း

အင်းလေးကန် စန့်စွဲရွာမှာ PNO ပြည်သူ့စစ်နဲ့ အင်းလေး PDF တို့ တိုက်ပွဲဖြစ်၊ ပြည်သူ့စစ် ၅ ယောက်သေ

မဲခေါင် 1 Feb - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန် စန့်စွဲရွာမှာ အင်လေးဒေသကာကွယ်ရေးတပ် (IPDF) နဲ့ စစ်ကောင်စီလက်အောက်ခံပအိုဝ်း ပြည်သူ့စစ် PNO တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNO ၅ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန် စန့်စွဲရွာမှာ အင်လေးဒေသကာကွယ်ရေးတပ် (IPDF) နဲ့ စစ်ကောင်စီလက်အောက်ခံပအိုဝ်း ပြည်သူ့စစ် PNO တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNO ၅ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲဟာ မိနစ် ၃၀ ခန့်သာ ကြာြမင့်ပြီး PNO ပြည်သူ့စစ် ၅ ယောက် သေဆုံးကြောင်း မြေပြင်သတင်းတွေကို အခြေခံပြီး IPDF က အတည်ပြုပြောပါတယ်။

PNO ပြည်သူ့စစ်အဖွဲ့ က စန့်စွဲ ရွာထဲကို ၃ ဖွဲ့ခွဲပြီး ဝင်လာစဉ်မှာ သူတို့အချင်းချင်း လူမှားပစ်ခတ်ရာကနေ အနီးနားမှာရှိတဲ့ အင်းလေးဒေသကာကွယ်ရေးတပ်ရင်း IPDF ဝင်ရောက်တိုက်ခိုက်ခဲ့လို့ PNO ပြည်သူ့စစ် ၅ ဦး သေဆုံးသွားတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၃၁ ရက်မှာ စိုင်းနောင်ဦးစီးတဲ့ PNO အဖွဲ့က စန့်စွဲရွာအတွင်းကို လက်နက်ကြီးငယ်တွေနဲ့ပစ်
ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရွာခံတွေ စစ်ဘေးရှောင်နေစဉ် ရွာကို မီးတင်ရှို့ခဲ့လို့ ရွာခံတွေရဲ့ ပစ္စည်းနဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ပါတယ်။

လက်ရှိတွင် အင်းလေးကန်အရှေ့ဘက်ခြမ်း စံကား၊ မှော်ဘီ၊ ထီးရီးဘက်သို့ စစ်ကောင်စီရဲ့ အောင်ပန်းအခြေစိုက် အမြောက်တပ်က လူလက်နက်အပြည့်ကား ၄ စီးနဲ့ ရဲတပ်ရင်းက ကား ၂ စီး အင်အားဖြည့်နေတယ်လို့ မြေပြင်သတင်းများအရ သိရှိရပါတယ်။

MK – 012

#MeKongNews

#အင်းလေး

#တိုက်ပွဲ

#စစ်ကောင်စီ

#ပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီညွှန်ကြား

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ - ၁၄၁ တပ်စခန်းကို ဒီနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းပြီး ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်နဲ့ပူးပေါင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now