မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ထဲရှိ ကျေးရွာ ၆ ရွာကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာပိုင်း ထောက်ပံ့မှုမရတာ ၆ လကျော်ထိရှိနေပြီလို့ စစ်ဘေးရှောင်ပြည်သူက ဖေဖော်ဝါရီလ ဒုတိယပတ်ထဲမှာ ပြောပါတယ်။
တောတွင်းထဲက စစ်ရှောင်စခန်းမှာ ၂၀၂၂ ခုနှစ် ၆ လပိုင်းကစတင်နေထိုင်ကြတာဖြစ်ပြီး အိမ်ခြေ ၂၆ အိမ်နဲ့ ပြည်သူ ၄၃ ဦးရှိကာ ကလေးငယ်နဲ့ သက်ကြီးရွယ်အို အယောက် ၂၀ ကျော်ပါဝင်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
“ အဓိက ကတော့ ဆေးပစ္စည်း နဲ့ ရိက္ခာပေါ့။ အထောက်ပံ့မရတာ ၆ လကျော်နေပြီ။ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ အလုပ်လုပ်နိုင်သူတချို့ကတော့ အပြင်ထွက်အလုပ်လုပ်နေပါတယ်” လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။
နွားဘန်းကြီးကျေးရွာ၊ သဲဖို့ကျေးရွာ၊ တောင်ဦးဘုရားနဲ့ မျက်ခါးအင်းကျေးရွာတွေက နေအိမ်ချိတ်ပိတ်ခံရသူ၊ နေအိမ်မီးရှို့ခံရသူတွေ စုဝေးကာ လုံခြုံမယ်ထင်ရတဲ့နေရာတခုမှာ နေထိုင်နေကြတာဖြစ်ပြီး ဆေးဝါးနဲ့ ရိက္ခာပိုင်းတွေမှာ ပိုမိုခက်ခဲနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က နေအိမ်တွေမီးရှီု့ဖျက်ဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေကြောင့် ကျေးရွာတွေထဲ ပြန်လည်နေထိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
CJ-004
#MeKongNews
#စစ်ဘေးရှောင်
#ရွာငံမြို့