စစ်ရေးသတင်း

မြဝတီကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်တွေ ဖြတ်တိုက်လို့ ရှေ့ဆက်မတိုးနိုင်ဘူးလို့ KNU ဆို

မဲခေါင် 18 Apr - 2024
စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ကြောင်းကို KNLA၊ KNDO နဲ့ PDF တို့က ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်အသိပေးပါတယ်။

မဲခေါင်၊ ဧပြီ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့ကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖော်ဆောင်ဖို့ ပို့လိုက်တဲ့ စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ကြောင်းကို KNLA၊ KNDO နဲ့ PDF တို့က ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်အသိပေးပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ−၂၇၅ တပ်စခန်းကို ဧပြီ ၁၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်တွေ မြဝတီမြို့ကို “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်တွေက လမ်းတစ်လျှောက် အဆက်မပြတ်ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး သံချပ်ကာယာဥ်အပါအဝင် စစ်သုံးကားအချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တင် ရာချီသေဆုံးတယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။

အကျအဆုံးနဲ့ ထိခိုက်မှုများတဲ့ စစ်ကောင်စီတပ်ဟာ ရှေ့ဆက်မတိုးနိုင်ဘဲ ဒေါနတောင်တန်း အနောက်ဘက်တောင်ခြေမှာ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ သူတို့ လာရာလမ်း တစ်လျှောက်မှာလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားများနေထိုင်ရာ နေရာတွေကို လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီညွှန်ကြား

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေ ဖောင်းကြွနံပါတ်ပြား မဖြစ်မနေတပ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆင်ဘို ခလရ – ၁၄၁ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ၁၄ မိုင်ခန့်အကွာမှာ ရှိတဲ့ ဆင်ဘိုမြို့ အနီးက စစ်ကောင်စီ ခလရ - ၁၄၁ တပ်စခန်းကို ဒီနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းပြီး ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်နဲ့ပူးပေါင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် တစ်အိမ်ကို ငွေကျပ် ၄၀,၀၀၀ နီးပါး ကောက်ယူနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တစ်အိမ်ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now