မဲခေါင်၊ ဧပြီ ၄
ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဖယ်ခုံမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတွေ ထံက သိရပါတယ်။
မိုးဗြဲအခြေစိုက် ခမရ ၄၂၂ ကို ဧပြီ ၂ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဖယ်ခုံမြို့ထဲတွင်လည်း တိုက်ခိုက်မှုတွေဖြစ်ပွားနေကာ ရေပူရွာအနီးတောင်ကုန်းပေါ်မှာနေရာယူထားတဲ့ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေက ညောင်လေးပင် ၊ တောင်ဘို့ကွဲ၊ ဟိုပန်ရွာတွေဘက်ကို လက်နက် ကြီးနဲ့အကြိမ်ပေါင်းများစွာပစ်ခတ်နေတယ်လို့ သိရပါတယ်။
PNAက ထီရီးရွာနဲ့နမ့်ဗွန်ရွာက ထမင်းထုပ် တစ်အိမ် ၄ ထုတ်နေ့တိုင်းပို့ခိုင်းနေတယ်လို့ သိရပြီး စစ်ဘေးမရှောင်ခိုင်းပဲ လူသားဒိုင်း လုပ်ခံနေရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
MK-012