မဲခေါင်၊ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် – မန္တလေး ပြည်ထောင်စု လမ်းမပေါ်ရှိ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ – ၁၂၃ တပ်ရင်းစခန်းကြီးကို ဇန်နဝါရီ ၂၄ ရက်နေ့ညနေပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထပ်မံ သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နမ့်ဖတ်ကာမြို့ အခြေစိုက် ခလရ-၁၂၃ တပ်၀န်းအတွင်းမှာ အခြေစိုက်ထားတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇) နည်းဗျူးဟာအဖွဲ့ကို KIA၊ PDF ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်/
“ မနေ့ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်ခန့်က နမ့်ဖတ်ကာ စစ်ကောင်စီ တပ်ရင်းစခန်းကြီး သိမ်းလိုက်နိုင်ပြီလို့ ကြားတယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇန်န၀ါရီ ၂၄ မနေ့ည ၇ နာရီ ဝန်းကျင်အထိ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လိုက်လံ ပစ်ခတ်ရှင်းလင်းနေခဲ့ပြီး စစ်ကောင်စီဘက်ကလည်း Y8, Y12 လေယာဉ်တွေနဲ့ အပြင်းအထန် ပစ်ကူနေတာလို့ ဆိုပါတယ်။
နမ့်ဖတ်ကာရွာ အခြေချ ခလရ – ၁၂၃ စစ်ကောင်စီ တပ်စခန်းဟာ ရှေ့တန်းတပ်ရင်းစခန်းကြီးဖြစ်ပြီး တပ်စခန်းငယ် ၇ ခုနဲ့ ရဟတ်ယာဉ်ကွင်း ၂ ကွင်းပါရှိကာ ဧက ၉၀ ခန့် ကျယ်ဝန်းတယ်လို့ သိရပါတယ်။
ရဲစခန်းနဲ့ စခန်းငယ်အချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထားပါတယ်။
CJ-008
#MeKongNews
#စစ်ကောင်စီ
#နမ့်ဖတ်ကာ
#ခလရ၁၂၃
#ရှေ့တန်း
#စခန်း